ယခုပုံမှာ မြင်တွေ့ရတာကတော့ ၁၉၇၂ ခုနှစ် ဒီဇင်ဘာ
လအတွင်း အပိုလို ၁၇ (Apollo 17) မစ်ရှင်မှာ အသုံးပြု
ခဲ့တဲ့ လသွားယာဉ် (Lunar Roving Vehicle - LRV) ရဲ့ ညာဘက်နောက်ဘီးနဲ့ ပျက်စီးသွားတဲ့ အကာအစိတ် အပိုင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်း ဓါတ်ပုံပဲ ဖြစ်ပါတယ်။
ဒီမှတ်တမ်း ဓါတ်ပုံရဲ့ ဖြစ်စဉ်ကဒီလိုပါ
¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨
အပိုလို ၁၇ မစ်ရှင်အတွင်းမှာ အာကာသယာဉ်မှူး ယူဂျင်းဆာနန် (Eugene Cernan) စီးနင်းနေတဲ့ LRV ယာဉ်ရဲ့ ညာဘက်နောက်ဘီးအကာဟာ မတော်တဆမှုတစ်ခုကြောင့်အစိတ်အပိုင်းတစ်ခု ပြုတ်ထွက်သွားခဲ့ပါတယ်။
အကာမရှိတော့တဲ့အတွက် LRV မောင်းနှင်တဲ့အခါ လပေါ်က ဖုန်မှုန့်တွေ အများအပြား လွင့်စင်လာပြီး အာကာသ ယာဉ်မှူးတွေ၊ ကိရိယာတွေနဲ့ ယာဉ်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အာကာသယာဉ်မှူးတွေဟာ တီထွင်ကြံဆမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ လမျက်နှာပြင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ယူ ဆောင်လာတဲ့ မြေပုံ လေးခုကို အသုံးပြုပြီး ပျက်စီးသွားတဲ့ အကာနေရာမှာ အစားထိုးတပ်ဆင်ခဲ့ပါတယ်။
အဆိုပါမြေပုံတွေကို တိပ်တွေ၊ ဓါတ်မီးညှပ်ကလစ်တွေ အသုံးပြုပြီး ယာဉ်ပေါ်မှာ လုံခြုံစွာ တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒီယာယီပြုပြင်မှုဟာ အောင်မြင်စွာ အလုပ်လုပ်ခဲ့ပြီး ဖုန်မှုန့်တွေ လွင့်စင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ အပိုလို ၁၇ မစ်ရှင်ရဲ့ အမှတ်တရတစ်ခုဖြစ်ရုံသာမက အာကာသစူးစမ်းလေ့လာရေးမှာ ကြုံတွေ့ရတတ်တဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို အာကာ သယာဉ်မှူးတွေက တီထွင်ကြံဆမှုနဲ့ ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။
ယာယီပြုပြင်ထားတဲ့ အကာနဲ့ LRV ယာဉ်ဟာ ကမ္ဘာ
မြေကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး ဝါရှင်တန်ဒီစီမြို့
ရှိ အမျိုးသားလေကြောင်း နှင့် အာကာသပြတိုက် (National Air and Space Museum) မှာ ယနေ့တိုင်
ပြသထားလျက်ရှိပါတယ်။
