သားဖြစ်သူသတ်မှတ်သည့် အကောင်းဆုံးကစားသမားက မိမိမဟုတ်ကြောင်း စီရော်နယ်ဒို ပြော
သားဖြစ်သူ မက်တီယိုရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားက မိမိမဟုတ်ကြောင်း စီရော်နယ်ဒိုက ဝန်ခံ ပြောသွားပါတယ်။
စီရော်နယ်ဒိုမှာ သားနဲ့သမီး ၅ ယောက်ရှိပြီး အမြွှာမောင်နှစ်မထဲက ယောက်ျားလေးဖြစ်သူ မက်တီယိုရော်နယ်ဒိုရဲ့ အနှစ်သက်ဆုံးကစားသမားက သူ့ဖခင်ဖြစ်သူ မဟုတ်ကြောင်း ပြောခဲ့တာပါ။
သားဖြစ်သူ မက်တီယိုဟာ အမ်ဘာပေကို ကြိုက်နှစ်သက်သူဖြစ်ပြီး တခါတရံမှာတော့ အမ်ဘာပေက မိမိထက်ပိုကောင်းကြောင်း ပြောလေ့ရှိတယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။
သားဖြစ်သူရဲ့ မှတ်ချက်စကားအပေါ် မဟုတ်မှန်ကြောင်းနဲ့ အမ်ဘာပေထက် ဂိုးတွေ ပိုသွင်းထားတာဖြစ်လို့ အကောင်းဆုံးကစားသမားက မိမိသာဖြစ်တယ်လို့ ပြန်ရှင်းပြခဲ့ရကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက် စုစုပေါင်း ၁,၂၅၉ ပွဲ ကစားထားချိန်မှာ သွင်းဂိုး ၉၂၀ ရရှိထားပါတယ်။
