13 ပတ် - ဘာသာပြန်ပါ။

Kill Bill: Vol.1
2003 • Action/Crime/Thriller
1h 51m

အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြိုကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ္ထပ္ပြဲတစ္ခုမွာ ကိုယ်၀န်ဆောင် သတိုသမီးတစ်ယောက်အပါအ၀င် လူကိုးဦး၊ (သတိုသမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တိုဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။
သူတိုကို သတ်ခဲ့တဲ့သူတွေက မရဏမြွေပွေး လိုခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲတစ်ခုကဖြစ်ပြီး သူတိုတစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတိုရဲ့ အဖွဲ၀င်ဟောင်းလည်းဖြစ်၊ အဖွဲခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံးချစ်သူဟောင်းလည်းဖြစ်တဲ့ သူတိုသမီး(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။
သတိုသမီးဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ ကိုမာ(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။

အဲဒီအခါမှာတော့ သတိုသမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တိုကို လက်စားချေဖို ကြံစည်ပါတော့တယ်။
ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (2014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။
Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို ပြောလိုရပါတယ်။

image