13 w - Translate

လူဝင်မှု မူဝါဒ ထရမ့်ပ်နှင့် တွေ့ဆုံဆွေးနွေးရန် ဖိလစ်ပိုင်သမ္မတ စီစဉ်

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသား အများအပြားအပေါ် အကျိုးသက်ရောက်လာနိုင်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒ အရေးအပါအဝင် အခြားအရေးအရာများကို ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ကြာသပတေးနေ့တွင် ပြောကြား လိုက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့် မူဝါဒများကို ချမှတ်ရာတွင် မည်ကဲ့သို့ ထိန်းချုပ် စီမံနိုင်မည်လဲဆိုသည်ကို မြင်တွေ့ရမှာဖြစ်ကြောင်း မားကို့စ်က ပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးကြမည့် အချိန်ကို ထုတ်ပြောခြင်း မရှိပေ။

ဇန်နဝါရီလ ၂၀ ရက် နေ့ တွင် ရာထူး တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီးနောက် ထရမ့်ပ်သည် တင်းကျပ်သော နယ်စပ်မူဝါဒ၊တင်းကျပ်သော ဗီဇာစိစစ်ခြင်းလုပ်ထုံးလုပ်နည်းများနှင့် အမေရိကန်ပြည်ထောင်စုရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းရန် အ‌လေးပေးသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သမ္မတအမိန့်အများအပြားကို ကြေညာခဲ့သည်။

ရွှေ့ပြောင်းနေထိုင်မှုသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Think Tank Migration Policy Institute ၏ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်အရ အမေရိကတွင် အထောက်အထားမဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃၀၀,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် ဖိလစ်ပိုင်ရွှေ့ပြောင်းနေထိုင်သူဦးရေ ၂ သန်းနီးပါးရှိသည်ဟု အမေရိကန်သန်းခေါင်စာရင်းဗျူရို၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ သိရသည်။

ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထောက်များကို ပြောကြားရာ၌ တရုတ်နိုင်ငံကသာ ရန်လိုပြီး တင်းမာသော အပြုအမူများနှင့် တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်ဆိုင်မှုရပ်တည်ချက်များကို ဖြေလျှော့လာခဲ့ပါက သူ့အနေဖြင့် တိုက်ဖွန်းဒုံးကျည်စနစ်ကို အမေရိကသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်းလည်း ပါဝင်ခဲ့သည်။

image