13 w - Translate

၂၀၃၂ ခုနှစ်တွင် ကမ္ဘာကို တိုက်မိနိုင်သော ဥက္ကာခဲ ကျရောက်ထိခိုက်နိုင်သည့် နေရာပြမြေပုံထုတ်ပြန်

ဆယ်ထပ်တိုက်တစ်လုံးစာရှိသည့် ဥက္ကာခဲတစ်ခုသည် ၂၀၃၂ ခုနှစ်တွင် ကမ္ဘာမြေကို ဝင်ရောက်ထိခိုက်နိုင်ခြေ ရှိသဖြင့်၊ ၎င်းဥက္ကာခဲ ကျရောက် ထိခိုက်နိုင်သည့် နေရာများကိုပြသသည့်မြေပုံတစ်ခုကို ပညာရှင်များက ထုတ်ပြန်လိုက်သည်။

အသစ်တွေ့ရှိထားသော 2024 YR4 ဟုအမည်ပေးထားသည့် ဥက္ကာခဲသည် ဗျက် ၁၉၆ပေရှိပြီး၊ လက်ရှိတွင် ကမ္ဘာမှ မိုင်ပေါင်း ၂၇ သန်း ကွာဝေးသည်။ NASA ၏ NEO Studies Center အရ၊ ၎င်းသည် ၂၀၃၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကမ္ဘာနှင့် အနီးဆုံးချဉ်းကပ်မည့်အချိန်တွင် ကမ္ဘာကို တိုက်မိ ထိခိုက်နိုင်ခြေ ၈၃ ပုံ ၁ ပုံ ရှိသည်။

Catalina Sky Survey အင်ဂျင်နီယာနှင့် ဥက္ကာခဲလိုက်လံရှာဖွေသူ David Rankin က "ဒါဟာ အရွယ်အစားကြီးမားတဲ့ ကျောက်တုံးတစ်ခုရဲ့ ထိခိုက်နိုင်ခြေ အမြင့်ဆုံး ဖြစ်နိုင်ခြေတွေထဲက တစ်ခုပါ" ဟု ရေးသားခဲ့သည်။

သိပ္ပံပညာရှင်များက လက်ရှိတွင် ထိခိုက်နိုင်သည့် "အန္တရာယ်လမ်းကြောင်း" သည် တောင်အမေရိကမှ စတင်၍ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ဆာဟာရတောင်ပိုင်း အာဖရိကမှသည် အာရှိအထိ ရှိနိုင်သည်ဟု ဆိုသည်။ သို့သော် မသေချာမှုများ မြင့်မားနေဆဲဖြစ်ပြီး ခန့်မှန်းချက်များကို အတည်ပြုရန် လေ့လာမှုများ ပိုမိုလိုအပ်ကြောင်း ပညာရှင်များက ထောက်ပြသည်။

ထို့အပြင်၊ အချက်အလက်အသစ်များက ဥက္ကာခဲ ကမ္ဘာသို့ ထိခိုက်နိုင်ခြေကို လျော့ကျစေနိုင်သည်ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။

ပုံစာ - ဥက္ကာခဲ ကျရောက်ထိခိုက်နိုင်သည့် နေရာများကို အနီရောင်မျဉ်းဖြင့်ပြသထားသည်။

image