ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ့် နစကကို သက်တမ်းတိုး၊ မတိုးဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ စောင့်မျှော်နေ

ဇန်နဝါရီ ၃၁

ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ်ဆိုတဲ့ နစကကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတွေက စောင့်မျှော်နေကြပါတယ်။

ခြောက်အလီအစဥ်လိုက်အတိုင်း ၆လတကြိမ် ၈ ခါတိုးပြီးပြီမို့ ခုရော သက်တမ်းတိုးမလား ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ်မှတ်နိုင်မလား လို့ စိဝင်စားနေကြပါတယ်။

မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူအချို့ကတော့ နစကရဲ့တခြားခြေလှမ်းတွေကို ဘာမှမမြင်ရသေးတဲ့ အတွက် နစက ဟာ သူတို့အစိုးရအဖွဲ့ကို သက်တမ်းတိုးဖို့ ကိစ္စရပ်က ၈၀% နှုန်းလောက်အထိ ရှိနေတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ယခုကိစ္စရပ်တွေအပေါ် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကာလရှည်ကြာ လက်တွဲလုပ်ကိုင်ဘူးသူတယောက်က "ကျွန်‌တော်အထင်ပြောရရင် နစက သက်တမ်းထပ်တိုးဖို့ ၈၀% လောက်မှန်းတယ်၊ ဘာလို့လဲဆိုတော့ တခြားခြေလှမ်း လှမ်းတာ မမြင်ရပါဘူး၊ ၂၀% ကတော့ လျို့ဝှက်လုပ်တတ်တဲ့ မမြင်ရတဲ့ အစီစဥ်တွေရှိနိုင်လို့ပါ။ ရွေးကောက်ပွဲကတော့ ခု သက်တမ်းတိုးတဲ့ ၆လ မကုန်ခင် ကျင်းပမယ့်ရက် ထုတ်ပြန်မယ်မျှော်လင့်တယ်" လို့ မှတ်ချက်ပြုပါတယ်။

ဒါအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကလည်း ဒီကနေ့ ကျင်းပမယ့် ကာ/လုံအစည်းအဝေးကနေ နစက က သက်တမ်းတိုးလာနိုင်ချေများတယ်လို့ အခုလိုမှတ်ချက်ပြု ပြောကြားပါတယ်။

"အခုလက်ရှိ အနေအထားမှာဆိုလို့ ရှိရင် SAC က သက်တမ်းတိုးရမယ့် အနေအထားကတော့ တွေ့နေရပါတယ်။ဘာကြောင့်လဲဆိုတော့ သက်တမ်းတိုးခြင်းသည် တိုပြည်ရဲ့ မငြိမ်းချမ်းမှုကို အကြောင်းအရင်းခံပြီးတော့မှ ဒီသက်တမ်းတွေကတိုးလာတယ်။ငြိမ်းချမ်းရေးဆွေးနွေးလို့မပြီးနိုင်သေးဘူး။တိုက်ပွဲတွေကို ထိန်းချုပ်လို့မနိုင်သေးဘူးဆိုတဲ့ အနေအထားမှာ သက်တမ်းတွေတိုးလာရတာဖြစ်ပါတယ်။အခုလည်းပဲ ငြိမ်းချမ်းတာက မတွေ့ရဘူး။ပိုပြီးတော့တောင်မှ အခက် အခဲတွေရှိနေတယ်လို့မြင်ပါတယ်။အဲတော့ ကာလုံမှာတော့ သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်" လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

ပြည်တွင်းက နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက်ဖြစ်သူကလည်း ယေဘုယျအားဖြင့် နစက သက်တမ်းတိုးနိုင်၊မတိုးနိုင်ဆိုတာက ဒီကနေ့ နစက ဘက်က ထုတ်ပြန်လာမှုကို သာစောင့်ကြည့်ရမယ်လို့ ဆိုထားပြီး အခြားအကြောင်း အရာတွေကိုတော့ သူ‌အနေနဲ့ မှတ်ချက်မပြုလိုဘူးလို့ ဖြေကြားပါတယ်။

အဲဒါအပြင် လက်ရှိအခြေအနေကို စောင့်ကြည်အကဲခတ်နေသူတယောက်က
"နစကအနေနဲ့သက်တမ်း ထပ်တိုးမလား ရွေးကောက်ပွဲလုပ်ထွက်ပေါက်ရှာမလား တခုရွေးရမှာဘဲလေ လက်ရှိအခင်းအကျင်းအရ ရွေးကောက်ပွဲ အသင့်ဖြစ်ပုံမရသေးတော့ သက်တမ်းတိုးလိမ့်မယ်။ ဒီတိုင်းကြာရင်တော့ ပြည်သူက လုံးပါးပါးနေပြီ။ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကလဲ ခုလိုတကွဲတပြားဖြစ်နေတာ အားပေးမယ်မထင်ဘူး၊ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရနဲ့မှ အလုပ်ဆက်လုပ်နိုင်မယ်ဆိုတာ သဘော ပေါက်ထားတော့ အစိုးရတရပ်ပေါ်အောင် ရွေးကောက်ပွဲနည်းကို အားပေးကြမယ်ထင်တယ်" လို့ သုံးသပ်ပါတယ်။

လက်ရှိ နစက အနေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လူဦးရေသန်းခေါင် စာရင်း မဲပေးခွင့်ရှိသူစာရင်း စစ်ရှောင်စာရင်းတွေ ကောက်ယူနေတာဟာ ရွေးကောက်ပွဲအတွက် သေချာပြင်ဆင်နေတာသာဖြစ်ပြီး ခေတ်မီမဲပေးတဲ့ စက်ပစ္စည်းတွေမှာယူတာလည်း ရှိနေပြီလို့ ရွေးကော်နဲ့ နီးစပ်နဲ့ သတင်းရပ်ကွက်က သိရပါတယ်။

မတည်ငြိမ်တဲ့ဒေသတွေက မဲပေးခွင့်ရှိသူတွေမဲပေးဖို့ အဝေးရောက်မဲရုံတွေလိုမျိုးလုပ်ပြီး ရောက်တဲ့နေရာမှာ မဲပေးနိုင်အောင် စီစဥ်တာမျိုး လုပ်လာနိုင်တယ်လို့ ရွေးကောက်ပွဲနည်းနာတွေက လေ့လာသူတယောက်ကဆိုပါတယ်။

မြန်မာ့ရွေးကောက်ပွဲမှာ မဲပေးတဲ့အရေအတွက် ဘယ်လောက်ရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်ဆိုတာ သတ်မှတ်ချက်မရှိတဲ့အတွက် ဖြစ်အောင်လုပ်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေသလို လက်ရှိကာချုပ်က ရွေးကောက်ပွဲပြီး ဘာတာဝန်ယူမယ်ဆိုတာတော့ မှန်းဖို့စောပါသေးတယ်လို့ လေ့လာသူက ဆိုပါတယ်။

"ရွေးကောက်ပွဲဖြစ်မယ်ဆိုလို့ရှိရင် ကွက်ကြား ကွက်ကြားလောက်ပဲဖြစ်နိုင်ဖို့များတယ်လို့ပဲ မြင်ပါတယ်။အဲလိုရွေးကောက်ပွဲတခုလုံးကလည်း မြန်မာနိုင်ငံတခုလုံးကို ရွေးကောက်ပွဲက ဖြစ်သည်ဆိုငြားသော်လည်း တကယ့်ကို နိုင်ငံတကာက လက်ခံနိုင်တဲ့အနေအထား မြန်မာတနိုင်ငံလုံးက လူတွေ အားလုံး လက်ခံနိုင်တဲ့ အနေအထားက ဖြစ်ဖို့ခက်ပါတယ်။ ဖြစ်တော့ဖြစ်လာနိုင်တယ်။ကွက်ကြား၊ကွက်ကြားဖြစ်တဲ့ ပုံစံမျိုးနဲ့ ပဲ သွားရမယ့် လက္ခဏာတွေရှိနေတယ်လို့ပဲ မြင်ပါတယ်"လို့ EAO အဖွဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး‌နယ်ပယ်မှာတော့ မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံအုပ်ချုပ်သူအစိုးရတရပ် အပြောင်းအလဲဖြစ်လာနိုင်မလား ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။

အဲဒီကာလုံအစိုးရရဲ့ အဓိက တာဝန်ဟာ ခြေဥ ပုဒ်မ ၄၂၉ မှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း (၆)လ အတွင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်တွင်းရှိ သတင်းစာ ဆရာတယောက်ကလည်း "မြေပြင်အခြေအနေအရတော့စစ်တပ်အုပ်ချူပ်တာကြာမယ်။နေရာပေါင်းစုံ၊ဌာနပေါင်းစုံကိုပြန်လည်တည် ဆောက်ရမယ်"လို့ သူရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ တပ်မတော်က အာဏာရ ယူခဲ့တာဟာ အခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ (၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ အရင်ပုံဟောင်းဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image