Hello Yasothorn 2 (2009)
ယမ်က ရွာသူရွာသားတွေ ကြောက်ပြီးလေးစားနေရတဲ့ရွာသူကြီး ဖြစ်ပြီး သားသမီးတွေကိုလည်း အရမ်းချစ်တယ်ဆိုတာကိုရော ဘယ်သူမဆိုသိကြတယ်။
အဲဒါကို ဘန်ကောက်မြိုကြီးကနေပြောင်းလာတဲ့ အတွင်းရေးမှူးထနူဟာ ရွာသူကြီးရဲ့သမီးချောလေးဖြစ်တဲ့ ဝဲ့ကို ရည်းစားစကားလိုက်ပြောရဲတယ်လေ။
အမေဖြစ်သူ ကျိယေ့ကလည်း အတွင်းရေးမှူးကို တအားသဘောကျလွန်းလို သားမက်အဖြစ် လိုချင်နေတဲ့ချိန်မှာ ရွာသူကြီးဖြစ်တဲ့ယမ်ဟာ အသစ်ပြောင်းလာတဲ့စိုက်ပျိုးရေးမှူးချတ်ချိုင်းကို ပိုသဘောကျနေတယ်လေ။
အဲဒါနဲ့ အတွင်းရေးမှူးလေးထနူနဲ့ရွာသူကြီးယမ်တို တစ်ကမ္ဘာထဲမှာ အတူနေထိုင်လိုမရလောက်တဲ့ထိဖြစ်ခဲ့ရပါတယ်။ အဲလိုနဲ့ နောက်ဆုံးမှာ ရွာသူကြီးယမ်က သူ့သမီးလေးဖြစ်တဲ့ဝဲ့ကို ဘယ်သူနဲ့ပေးစားမှာလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်နော်...
