နှလုံးသားက ဘယ်လောက်ချစ်ချစ်
ဦးနှောက်က အနိုင်ရသွားတယ် ဆိုတာ
လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လို့ပါ ။
နှလုံးသား အရာအားလုံးကို လက်ခံနိုင်ပေမဲ့
ဦးနှောက်ကတော့ အရာအားလုံးကိုလက်မခံနိုင်ပါဘူး ။ ဒီတော့ ဒီလူဟာ ဒီပတ်ဝန်းကျင်မှာ
တစ်ခါ နှစ်ခါ သုံးခါ အပြင် ကိုယ့်ကို အကြိမ်ကြိမ်အခါခါ နာကျင်စေလာပြီဆိုရင် လူတွေဟာ ပြေးထွက်သွားချင်တော့တာပါပဲ ။ ဘာလို့လဲ ဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်ကြလို့ … .အဲ့ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ထပ် တစ်ခြားသူကို ပိုချစ်တဲ့ သူတွေလဲရှိတယ် ။ ဥပမာ - ငါမရှိရင်ဖြစ်ပါ့မလားဆိုပြီး နာကျင်နေတာတောင် ထွက်မသွားတာမျိုး ။ မရရတဲ့နည်းလေးနဲ့ အဲ့ဒီလူရဲ့ လိုတာတွေကို ဖြည့်စည်းပေးရင်း ကပ်တွယ်နေတာမျိုး ။
#မယ်ညို
#as
#စာရယ်ကဗျာရယ်