14 w - Translate

ထရမ့်၏ လူမှုကွန်ရက်အကောင့်များကို ပိတ်ခဲ့သည့်အတွက် Meta ကုမ္ပဏီက ဒေါ်လာ ၂၅ သန်း ပေးဆောင်မည်

၂၀၂၁ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်အဆောက်အဦး ဆူပူသောင်းကျန်းမှုအပြီး Facebook နှင့် Instagram တို့တွင် ဒေါ်နယ်ထရမ့်၏ အကောင့်စာမျက်နှာများကို ပိတ်ခဲ့သည့်အမှုနှင့်ပတ်သက်၍ Meta ကုမ္ပဏီ နှင့် ကျေအေးခြင်းသဘောတူညီမှုစာချုပ်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။

ထိုစာချုပ်အရ Meta ကုမ္ပဏီသည် ထရမ့်အား ဒေါ်လာ ၂၅ သန်းခန့် ပေးဆောင်မည်ဟု သဘောတူထားကြောင်း Wall Street Journal ၏ သတင်းအရ သိရသည်။

အဆိုပါ သဘောတူညီမှုငွေပမာဏ၏ ၂၂ သန်းခန့်ကို ထရမ့်၏ သမ္မတစာကြည့်တိုက်အတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်ငွေများကို ယင်းအမှုတွင် ကုန်ကျခဲ့သည့် တရားရေးစရိတ်များနှင့် ယင်းအမှုတွင် ပါဝင်သည့် အခြားအမှုလိုက်များအတွက် သုံးစွဲမည်ဟု သိရသည်။ သို့ရာတွင် Wall Street Journal ၏ ဖော်ပြချက်အရ၊ Meta ကုမ္ပဏီဖက်မှ မှားယွင်းမှုတစ်စုံတစ်ရာရှိကြောင်း ဝန်ခံခြင်း မရှိခဲ့ပေ။

Meta ၏ CEO မတ်ခ်ဇူကာဘတ်ဂ်သည် ထရမ့်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့‌သေးသည်။

image