ဆီးရီးယား သူပုန်ခေါင်းဆောင် ယာယီသမ္မတဖြစ်လာ၊ ဖွဲ့စည်းပုံဖျက်သိမ်းလိုက်ပြီး စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းမယ်

ဒမတ်စကတ်၊ ဇန်နဝါရီ ၃၀

ဆီးရီယားသမ္မတ ဘာရှာအာဆတ်ကိုဖြုတ်ချခဲ့ပြီးနောက် နှစ်လမပြည့်ခင်မှာ အသွင်းကူးပြောင်းရေးကာ သမ္မတအဖြစ် အာမက်အယ်လ်ရှာရာကို ခန့်အပ်လိုက်ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။

သမ္မတရှာရာကတော့ ဆီးရီးယားနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီး ယခင်အစိုးရရဲ့ လွှတ်တော်၊ စစ်တပ်နဲ့ လုံခြုံရေးအေဂျင်စီတွေကိုပါ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ရှာရာဟာ ယခင်သမ္မတဆာဆတ်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချနိုင်ခဲ့တဲ့ အိတ်ချ်တီအက်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဥပဒေနည်းလမ်းတွေနဲ့ အာဏာလစ်ဟာမှုတွေကို တရားဝင် ဖြည့်ဆည်းမှာဖြစ်ပြီး ဒုတိယအဆင့် အသွင်းကူးပြောင်းရေး၊ ကလဲစားချေတိုက်ခိုက်တာတွေကို တားဆီးပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မယ်လို့လည်း သူကပြောပါတယ်။

ဒါအပြင် ၁၃ နှစ်ကြာ ပြည်တွင်းစစ်မှာ ဆာဆတ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သူပုန်အဖွဲ့တွေကို ဖျက်သိမ်းပြီး နိုင်ငံတော်အဖွဲ့အစည်းတွေအဖြစ် ပေါင်းစည်းသွားမယ်လို့လည်း မဟာမိတ်အဖွဲ့တပ်မှူးတွေ တက်ရောက်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးအောင်ပွဲကြေညာခြင်း ညီလာခံမှာ သမ္မတရှာရာက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြုမပြီးမချင်း အုပ်ချုပ်ရေးပိုင်းမှာ အထောက်အကူဖြစ်စေဖို့ ယာယီဥပဒေပြုကောင်စီ ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး သုံးနှစ်အချိန်ယူရမှာဖြစ်ပြီး သန်းခေါင်းစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်အပါအဝင် ရွေးကောက်ပွဲကျင်းပဖို့ လေးနှစ်အချိန်ယူရမှာဖြစ်ကြောင်း ဒီဇင်ဘာလအတွင်းက တွေ့ဆုံမေးမြန်းခန်းတခုမှာ ရှာရာက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

image