လှိုင်သာယာတွင် Light Truck ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်နောက်လိုက် အမျိုးသား သေဆုံး၊ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီး ဒဏ်ရာရ

ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ဘုရင့်နောင်တံတား အမှတ်(၂)လှိုင်သာယာ အဆင်းတွင် Light Truck ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်နောက်လိုက်သည့်အမျိုးသားတစ်ဦး သေဆုံးပြီး၊ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက် ည ၇ နာရီ ၃၀ အချိန်တွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း အနီးအနား ပတ်ဝန်းကျင်ရှိ ပြည်သူများမှ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသော ကြောင့် ဖြစ်စဉ်နေရာသို့ ရှာဖွေကယ်ဆယ်ရေးယာဉ် (၃)စီးဖြင့်သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူနှင့် သေ ဆုံးသူတို့ကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

“လိုက်ထရပ်အောက်ဆိုက်ကားမှောက်တာ။ ကားမောင်းတဲ့သူက ထွက်ပြေးသွားတယ်။ စပါယ်ယာအမျိုးသား သေတယ်။ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ နဖူးဖုသွားတယ်” လို့ မြတ်ကုသိုလ်လူမှုကယ်ဆယ် ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက် (၂၃)နှစ်အရွယ် ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အသက်(၂၉) နှစ်အရွယ် ဖြစ်ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image