ဂျုဗင်တပ်အသင်းနောက်ခံအစွန်ကစားသမားအန်ဒရီယာကမ်ဘီယာဆိုအနေနဲ့ မန်ချက်စတာစီးတီးအသင်းဆီပြောင်းရွှေ့ကစားဖို့ပြင်ဆင်နေတယ်လို့ The Mirror သတင်းကဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာစီးတီးအသင်းဟာအေစီမီလန်အသင်းဆီရာသီကုန်အထိအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့တဲ့ကိုင်လ်ဝေါ်လ်ကာရဲ့နေရာကိုအစားထိုးနိုင်ဖို့အတွက် ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့ရှာဖွေနေပါတယ်။
မန်ချက်စတာစီးတီးအသင်းအနေနဲ့ အန်ဒရီယာကမ်ဘီယာဆိုကိုခေါ်ယူရေးအတွက်ပြောင်းရွှေ့ကြေး ပေါင် ၅၈.၇ သန်းနဲ့သဘောတူညီမှုရယူဖို့နီးစပ်မှုရှိနေပြီး အဆိုပါဂျုဗင်တပ်အသင်းနောက်ခံအစွန်ကစားသမားအနေနဲ့ ဘင်ဖီကာအသင်းနဲ့ ကစားခဲ့တဲ့ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာဂျုဗင်တပ်အသင်းအတွက်ပါဝင်မကစားခဲ့တာလည်းဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ အန်ဒရီယာကမ်ဘီယာဆိုကိုခေါ်ယူရေးအတွက်ပေါင် ၅၄.၅ သန်းနဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ ဂျုဗင်တပ်အသင်းရဲ့ငြင်းပယ်မှုခံခဲ့ရပါတယ်။အီတလီကလပ်အသင်းအနေနဲ့ကတော့ ပြောင်းရွှေ့ကြေးအဖြစ် ၇၅.၅ သန်းအထိတောင်းဆိုထားခဲ့ပေမဲ့ ဒီရက်သတ္တပတ်မှာတော့ ၂ သင်းစလုံးအနေနဲ့ အဆုံးသတ်သဘောတူညီမှုကိုကိုရယူနိုင်လိမ့်မယ်လို့ယုံကြည်ရပါတယ်။
#ဘောလုံးသတင်းစုံ
