သတင်းဌာနတွေအပါအဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ Update ကြည့်မရမှု ဖြစ်ပွားခဲ့

ဇန်နဝါရီ ၃၀

သတင်းဌာနတွေရဲ့ဖေ့ဘွတ်စ်ပေ့ချ်တွေအပါအဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကို မိုဘိုင်းဖုန်းနဲ့ ဝင်ရောက်ကြည့်ရှုရမှာ နောက်ဆုံးတင်ထားတဲ့ Update တွေကို ကြည့်ရှုမရတာမျိုး ယမန်နေ့က ဖြစ်ပွားခဲ့ပြီး ယနေ့မနက် ဇန်နဝါရီ ၃ဝ ရက်မှာတော့ ပို့စ်တွေကို Update ပြန်ကြည့်လို့ရပြီဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်၊မွန်းလွဲပိုင်း အချိန်ကစလို့ အခြားသော ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ အပါအဝင် ပြည်တွင်း၊ပြည်ပက သတင်းဌာနတွေရဲ့ ဖေ့ဘွတ်စ်ပေ့ချ်တွေဟာ Update ကြည့်လို့မရတော့ပဲ ၂ဝ၂၃ ခုနှစ်က ပို့စ်တွေပဲ ပြန်တက်နေ ကြည့်လို့ရတာကနေ ဒီကနေ့ ဇန်နဝါရီ ၃ဝ ရက်နေ့မှာတော့ မူလအတိုင်း ဖေ့စ်ဘွတ်ခ်ပေ့တွေကိုပြန်ကြည့်လို့ရခဲ့တာဖြစ်ပါတယ်။

အခုလိုဖြစ်ပေါ်ခဲ့မှုဟာ ပြည်တွင်းက အင်တာနက်လိုင်းတွေ မကောင်းမွန်မှုနဲ့ Facebook Error အချို့ကြောင့် ဖြစ်နိုင်တယ်လို့ အိုင်တီပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

"ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ ကျသွားတယ်။Update မဖြစ်တော့ဘူးဆိုတာ ဒါကဖေ့စ်ဘွတ်ခ်ဘက်က Error ကြောင့်ပဲလို့ သုံးသပ်ရပါတယ်။အကြောင်းအရင်းကတော့ ဘာကြောင့်ဖြစ်လဲဆိုတာ သေချာတော့ မသိရသေးဘူးပေါ့။ဖြစ်နိုင်ချေများတာကဖေ့စ်ဘွတ်ခ် Error ကြောင့်ပါပဲ"လို့ ပြည်တွင်းက အိုင်တီပညာရှင် တယောက်က VOM ကို ပြောပါတယ်။

ယခင်ကလည်း ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ ခဏ ခဏ ကျတာနဲ့ ပျက်တာကို ပြည်တွင်း ဖေ့ဘွတ်စ် အသုံးပြုသူတွေမှာကြုံခဲ့ရသလို အခုလို
ဖြစ်ပေါ်မှုဟာ ဖေ့စ်ဘွတ်ခ်ရဲ့ပေါ်လစီအချို့ကို စမ်းသပ်နေမှု(သို့မဟုတ်) ဆာဗာချို့ယွင်းမှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေတာဖြစ်ပါတယ်။

"ဖေ့စ်ဘွတ်ခ်ဘက်က Error တခုကြောင့်လည်းဖြစ်နိုင်သလို ပြည်တွင်းက အင်တာနက်လိုင်းတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။အဓိက ကျွန်တော်ထင်တာကတော့ ပြည်တွင်းက အင်တာတက်လိုင်းတွေကြောင့်လည်းပါသလိုဖေ့စ်ဘွတ်ခ်Error ကြောင့်လည်းဖြစ်နိုင်ပါတယ်"လို့ မြန်မာနိုင်ငံသား အိုင်တီသမားတယောက်က ထပ်လောင်း ပြောပြပါတယ်။

အခုလိုဖြစ်ပေါ်ရတာဟာ ဖေ့စ်ဘွတ်ခ်ကို ပံ့ပိုးပေးထားတဲ့ ဂူးဂဲလ် Service အချို့ကြောင့်လည်းဖြစ်နိုင်တယ်လို့ ပြည်တွင်းက သတင်းသမားတယောက်က သူရဲ့ အမြင်ကို ဆက်ပြီး သုံးသပ်ပြောပြပါတယ်။

"ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကျတာ ဂူးဂဲလ်ကြောင့်လို့လည်း ပြောနေကြတယ်။နောက်တချက်က ပေါ်လစီ အမျိုးမျိုးဖြစ်နေတယ်။သူရဲ့ပေါ်လစီတွေကလည်း အမျိုးမျိုးပြောင်းနေတယ်။တချို့ဟာတွေက ဖေ့ဘွတ်စ်က ပိုက်ဆံပေးမှ ပေးမြင်တော့တာမျိုးရှိတယ်။အခုဖြစ်တာကလည်း ဖေ့ဘွတ်စ်က ပိုက်ဆံတောင်းချင်တဲ့ သဘောလား မသိဘူး။မနေ့က ပေ့ချ်တော်တော်များများ Update မဖြစ်ဘူး။ဒီကနေ့ မနက် ကျွန်တော်ပြန်ကြည့်တော့ တော်တော်များများ Update ဖြစ်တာကို ပြန်တွေ့ရပါတယ်"လို့ သူ ကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

ယခုလိုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်ဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမျိုးတော့မတွေ့ရပါဘူး။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image