14 ပတ် - ဘာသာပြန်ပါ။

တရုတ်ရေနံကုမ္ပဏီ CNPC နဲ့ ဖက်စပ် GPOC က ရေနံလုပ်သားတွေ လိုက်ပါလာတဲ့ လေယာဥ် တောင်ဆူဒန်မှာ ပျက်ကျလို့ လိုက်ပါလာသူ ၂၁ ဦးမှာ ၁ ဦးသာ အသက်ရှင်

ဇန်နဝါရီ ၃၀

တောင်ဆူဒန်နိုင်ငံမှာ တရုတ်နိုင်ငံပိုင် CNPC နဲ့ ဖက်စပ် GPOC က ရေနံလုပ်သားတွေလိုက်ပါလာပြီး နိုင်ငံ​မြောက်ပိုင်းက ရေနံလုပ်ငန်းဆီ အမြဲပျံသန်းနေတဲ့ စင်းလုံးငှား လေယာဉ်တစ်စင်းပျက်ကျရာမှာ လိုက်ပါလာသူ ၂၁ ဦးအနက် ၁ ဦးသာ အသက်ရှင်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်း Unity State က ရေနံလုပ်ကွက်တွေအတွင်း ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်က လေယာဉ်တစ်စင်း ပျက်ကျခဲ့မှုမှာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးသာ ကျန်ရစ်ခဲ့တယ်လို့ တောင်ဆူဒန် Unity State ရဲ့ ပြန်ကြားရေးဝန်ကြီး Gatwech Bipal က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ အတည်ပြု ပြောကြားခဲ့သလို လေယာဉ်ဟာ ရေနံလုပ်ကွက်ကနေ ပျံတက်ကာ မြို့တော် ဂျူဘာဆီ ဦးတည် ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့တာလို့ သိရပါတယ်။

“လေယာဉ်ဟာ လေဆိပ်ကနေ မီတာ ၅၀၀ (ပေ ၁၆၀၀) အကွာမှာ ပျက်ကျခဲ့တာပါ”လို့ Gatwech Bipal က ပြောကြားခဲ့သလို “လူ ၂၁ ဦး လိုက်ပါလာတယ်၊ အခုချိန်မှာတော့ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ပဲ ရှိတယ်။”လို့ ဆက်လက် ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးအပါအဝင် လေယာဉ်ပေါ်ပါ လူ ၂၁ ဦးစလုံးဟာ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) နဲ့ တောင်ဆူဒန် နိုင်ငံပိုင် Nile Petroleum Corporation တို့ အကျိုးတူလုပ်ငန်းစုဖြစ်တဲ့ Greater Pioneer Operating Company (GPOC) နံလုစုက ဝန်ထမ်းတွေဖြစ်ပြီး သေဆုံးသူတွေထဲ တရုတ်နိုင်ငံသား ၂ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနဲ့ တောင်ဆူဒန်နိုင်ငံသား ၁၆ ဦးနဲ့ စိစစ်ဆဲတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အင်ဂျင်နီယာတွေနဲ့ နည်းပညာဝန်ထမ်းတွေပါဝင်တယ်လို့ တောင်ဆူဒန်သမ္မတ Salva Kiir က ပြောကြားခဲ့သလို အသက်ရှင်လျက် လွတ်မြောက်လာတဲ့ တောင်ဆူဒန်အင်ဂျင်နီယာတစ်ဦးကိုလည်း Unity State ရဲ့ မြို့တော် Bentiu ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်အပေါ် တောင်ဆူဒန်သမ္မတရုံးက CNPC နဲ့ GPOC က သေဆုံးရသူ လူ ၂၀ အတွက် ဝမ်းနည်းပူဆွေးရပါကြောင်းနဲ့ လေယာဥ်ပျက်ကျရမှုဖြစ်စဥ်အသေးစိတ်ကို စိစစ်ဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref, Reuters AFP

#centralnewsnaypyitaw

imageimage
+7