14 w - Translate

ရွှေတိဂုံစေတီတွင် ပြုလုပ်မည့် မြန်မာ့ရိုးရာ ထမနဲ ထိုးပွဲအတွက် လှူဒါန်းနိုင်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၌ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် လှူဒါန်းနိုင်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၁) ရက် ညနေပိုင်း၌ စေတီတော်၏ အရှေ့ဘက်အောက်ပစ္စယာ ထန်းပင်ကုန်းကွင်း၌ ကျင်းပသွားမည်လည်း ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့်လည်း ထမနဲတစ်ဒယ်အတွက် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ကုသိုလ်ယူလှူဒါန်းနိုင်ကာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌လည်း ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ရွှေတိဂုံစေတီတော် ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဌာနများပါဝင်သည့် အသင်း(၂၈)သင်းပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။