အမေရိကန်ရဲ့ လက်ရှိအခြေအနေကတော့ အရမ်းရှုပ်ထွေးနေပါပြီ။ Trump ရပ်လိုက်တဲ့အထဲမှာ ပြည်ပနိုင်ငံတွေတင်မက အမေရိကန်တွေပါ အထိနာနေကြတာပါ။ သူရပ်လိုက်တဲ့ အထဲမှာ ဆင်းရဲတဲ့ကျောင်းသားတွေရဲ့ အလကားနေ့လည်စာအစီအစဉ်၊ အမျိုးသမီးနဲ့ ကလေးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကင်ဆာသုတေသနတွေနဲ့ဆေးရုံစားရိတ်ထောက်ပံ့မှုတွေ အစရှိသဖြင့် အများကြီးပါဝင်ပါတယ်။
အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ph တွေဟာ အဆက်မပြတ် မြည်နေပြီး ပြည်သူတွေက ဒါကို ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ တချို့ပြည်နယ်တရားသူကြီးတွေကတော့ Trump ရဲ့ အမိန့်ကို ပယ်ချလိုက်ပြီး အကူအညီဆက်ပေးဖို့ အမိန့်ချကြပါတယ်။ လွှတ်တော်က ဒီကိစ္စကို တာဝန်ယူဖြေရှင်းရပါလိမ့်မယ်။ မဟုတ်ရင် အမေရိကန်မှာ နာဇီအာဏာရှင်တယောက် မွေးဖွားလာပြီး ကမ္ဘာကြီး ပျက်ဆီးမယ့်ကိန်းဆိုက်ပါလိမ့်မယ်။
တဖက်မှာလဲ တရားမဝင် Immigrants တွေကို ရှာဖွေဖမ်းဆီးနေပါတယ်။ ဒီ့အတွက် သတင်းပေးဖို့ Hotline တခုကိုလဲ ဖွင့်ထားပါတယ်။ အမေရိကန်တွေက ph တွေ တရစပ်ဆက်ပြီး တရားမဝင်ခိုးဝင်လာသူတယောက်ရှိကြောင်း၊ အဲဒီလူနာမည်က Elon Musk လို့ ခေါ်ကြောင်း တောက်လျှောက်ပြောနေကြလို့ ဒီနေ့တော့ Hotline ကိုပိတ်လိုက်ပါပြီ။
ဂျာမနီသတင်းစာကြီးကတော့ မျက်နှာဖုံးမှာ American Psycho Part II လို့ တရားဝင်ရေးသားဖော်ပြလိုက်ပါတယ်။ ကမ္ဘာမှာ လူမုန်းအများဆုံးနဲ့ လူတွေ လေးစားမှုမရှိဆုံးရအမေရိကန်သမ္မတလဲ ဖြစ်ပါသတဲ့။
