14 ပတ် - ဘာသာပြန်ပါ။

နည်းပညာလောကကို လှုပ်နိုးလိုက်တဲ့ တရုတ် AI ကုမ္ပဏီ၊ DeepSeek

အမေရိကန်က အိုင်ဖုန်းရဲ့ အက်စတိုးမှာ ဒေါင်းလုပ်ဆွဲသူအများဆုံး app အဖြစ် စံချိန်ချိုးသွားပါပြီ။

ဆီလီကွန်းတောင်ကြားက နည်းပညာကုမ္ပဏီတွေကို တရုတ်က လှုပ်နိုးတာ ခံလိုက်ရတာပဲလို့ သမ္မတထရမ့်က သတိပေးလိုက်ပါတယ်။

မနေ့က တရက်ထဲ Nvidia ဟာ စျေးကွက်တန်ဖိုး ဒေါ်လာ ၆၀၀ ဘီလီယံဖိုး ကျဆင်းခဲ့ရပါတယ်။

အမေရိကန်တင်မကဘဲ စင်ကာပူက ဒေတာစင်တာနဲ့ဆိုင်တဲ့ နည်းပညာရှယ်ယာတွေလည်း ပြုတ်ကျလို့ အကြပ်ရိုက်သွားရပါတယ်။

ပြီးခဲ့တဲ့အပါတ်ထဲကမှ ထွက်လာတဲ့ DeepSeek ကို အမေရိကန် ချစ်ပ်ကုမ္ပဏီ Nvidia ရဲ့ ချစ်ပြားသုံးကာ လေ့ကျင့်ခဲ့တယ်လို့ တီထွင်သူတွေကဆိုပါတယ်။

သူတို့ဟာ ဒီစီမံကိန်းအတွက် ဒေါ်လာ ၆ သန်းဖိုးသာ ဘတ်ဂျက်ရှိခဲ့ပေမယ့် တကမ္ဘာလုံးက နည်းပညာကုမ္ပဏီကြီးတွေကို ပြာယာခပ်ကာ ကမ္ဘာပျက်သွားစေပါတယ်။

xAI ပိုင်ရှင် အီလွန်မတ်က DeepSeek ဟာ Nvidia ဆီက အစိုးရက တရုတ်ကိုမရောင်းရ ပိတ်ပင်ထားတဲ့ A100 အဆင့်မြင့်ချစ်ပ်ကို သုံးခဲ့တာလို့ ယူဆနေပါတယ်။

ဒါကို အမေဇုန်နဲ့ မီတာက ပိုင်တဲ့ scaleAI ကလည်း သဘောတူထားကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ DeepSeek ကိုသုံးသူဟာ OpenAI ရဲ့ ChatGPT ထက် ကုန်ကျစရိတ် အဆပေါင်း ၂၀ ကနေ ၅၀ အထိ စျေးသက်သာနိုင်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒါဟာ ဆင်းရဲတဲ့အိမ်က ကလေးက ချမ်းသာတဲ့အိမ်က ကလေးတွေကို အပြတ်အသဝာ် အလဲထိုးလိုက်နိုင်တာပဲလို့ ဟောင်ကောင်က AI ပညာရှင်တယောက်က မှတ်ချက်ချလိုက်ပါတယ်။

အမေရိကန်ဟာ တစ်တော့နဲ့ အလုပ်ရှုပ်နေချိန် DeepSeek ကို ထရမ့်အစိုးရရဲ့ ပထမအပါတ်ထဲ ချပြကာ ရှော့တိုက်ဖို့ တရုတ်အစိုးရက တမင်ကလာ အကွက်ချလိုက်တာလို့လည်း နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ထားကြပါတယ်။

ထရမ့်အစိုးရအဖို့ တပူပေါ် ၂ ပူထပ်ဆင့်တာ ခံလိုက်ရလေပြီ။

တရုတ်ကို ဘယ်လိုတန်ပြန်ထိန်းချုပ်သွားမလဲဆိုတာကတော့ မကြာခင် မျှော်

image