U hla Soe shared a post  
14 w

14 w

ရွှေတိဂုံစေတီတွင် မြန်မာ့ရိုးရာထမနဲ ထိုးပွဲကျင်းပမည်
-----------------------------
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စေတီတော်ရဲ့ အရှေ့ဘက်အောက်ပစ္စယာ ထန်းပင်ကုန်းကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊

ပြိုင်ပွဲမှာတော့ ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းတွေ၊ အခွန်ထမ်းတွေ၊ မိတ်ဖက်အသင်းတွေနဲ့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဌာနတွေပါဝင်တဲ့ အသင်း(၂၈)သင်းနဲ့ ကျင်းပသွား မှာဖြစ်တယ်လို့ ဆိုပါတယ်၊၊ အဲဒီနောက် နောက်နေ့မနက် ဖေဖော်ဝါရီလ ၁၂ရက် မနက် ၅နာရီအချိန်မှာတော့ ဧည့်ခံတန်ဆောင်းနဲ့ ရွှေစေတီတန်ဆောင်းမှာ ထမနဲဆွမ်းတော်ကြီးကပ်လှူပြီး ဩဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနား ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်၊၊

အဲ့ဒီအပြင် မနက် ၆နာရီအချိန်မှာ ဘုရားအမှူးပြုတဲ့ သံဃာတော်(၆၄)ပါးတို့ကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းနဲ့ ရောင်တော်ဖွင့်တန်ဆောင်းတွေမှာ အရုဏ်ဆွမ်းဆက်ကပ်တာ၊ ရှေးဟောင်းတန်ဆောင်းမှ လက် ယာရစ် ချမ်းသာကြီးတန်ဆောင်းအထိ ထမနဲဆွမ်းတော်ကြီးနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေ ကျင်းပသွား မှာဖြစ်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ချမ်းသာကြီးတန်ဆောင်းမှာ ရေစက်သွန်းချအမျှပေးဝေတာတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်၊၊

အလှူရှင်တွေအနေနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်သလို ထမနဲတစ်ဒယ်အတွက် ငွေကျပ် တစ်သိန်းနှုန်းနဲ့ ကုသိုလ်ယူလှူဒါန်းနိုင်ပြီး ထမနဲလှူဒါန်းတဲ့ အလှူရှင်တွေကိုလည်း ထမနဲလက်ဆောင် တွေ ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

imageimage