#ဆိတ်သားငရုတ်ပွကြော်ချက်#
••••••••••••••••••••••••••••••••
ဆိတ်သားကိုမြန်မြန်ကြော်..ပူပူလေးစား အချိန်လည်းသိပ်
မပေးရဘူး..ချက်ရတာလည်းလွယ်ကူတဲ့ဟင်းတစ်ခွက်ပါ..
ပါဝင်ပစ္စည်း..
ဆိတ်သား.တစ်ဆယ်သား
ကြက်သွန်နီတစ်ဥ
ကြက်သွန်ဖြူ.သုံးမွှာ
ဂျင်းသုံးပြား
ခရမ်းချဉ်သီးသုံးလုံး..
ငရုတ်ပွစိမ်းတစ်လုံး...
ဆီအနည်းငယ်
ဆားအရသာမူန့်အနည်းငယ်..
ဆနွင်းအရောင်တင် မူန်အနည်းငယ်စီ..
ချက်နည်း...
အရင်ဆုံးဆိတ်သားတွေကိုအညှီနံ့ပျေက်စေရန်အတွက်
သံပုရာသီးအရည်ညစ်ပြီးသေချာနယ်ဆေး.ဆေးကြောသန့်
စင်ပါ.ပြီးရင်ပါးပါးလှီးပြီး ဆားအရသာမူန့် နယ်ထား..
ခရမ်းချဉ်သီးလေးစိတ်စိတ်ထား .ကြက်သွန်နီဖြူပါးပါးလှီးထာ
ငရုတ်ပွစိမ်းကို.အနေတော်ဖြတ်ထား..ရျင်းပါးပါးစိတ်ထား
ဒယ်အိုးဆီပူရင်. အရင်ဆုံး ကြက်နီဖြူဂျင်းဆီသတ်.ဆနွင်း
အရောင်တင်မူန့်ထည့်ဆီသတ် .မွှေးရင်ခရမ်းချဉ်သီးထည့်
ခရမ်းချဉ်သီးကို.အစိမ်း အနံ့ပျောက်အောင်လုံးပေးပါ..ခရမ်း
ချဉ်သီးလှိမ့်ပီးလုံးလာမှ ဆိတ်သားကိုထည့် .ရေနွေးအနည်း
ငယ်ထည့်ပြီး .ဆိတ်သား လေးတွေတင်းပီးကျက်သည်ထိ
တည်ပေး..အရသာအတွက်..ဆားအရသာမူန့်အနည်းငယ်
ထပ်ထည့်မယ်..ချခါနီးဆီပြန်ပြီဆိုမှ ငရုတ်ပွစိမ်းကိုအုပ်
လိုက်ပါ..ငရုတ်ပွစိမ်းအိရင်ချလို့ရပီ..ပိုပီးစပ်စပ်စားချင်ရင်
စပ်တဲ့ငရပ်သီးစိမ်းတောင့်ကိုညှပ်ထည့်ပြီးချက်နိုင်ပါတယ်..
တစ်မျိုး အရသာထူးတဲ့.ဟင်းတစ်ခွက်ပါ...
အားလုံးအဆင်ပြေ ကြပါစေရှင်....
