မနေ့က လက်စတာကိုရှုံးခဲ့တဲ့ပွဲမှာ စပါးအသင်းရဲ့ ပရိတ်သတ်တွေကတော့ အတော်ကြီးကို ဒေါသပုန် ထလို့နေခဲ့ကြတာပါ။ ကွင်းထဲမှာလည်း ဥက္ကဋ္ဌလပိုင်းကို ပြောင်းလဲချိန်တန်ပြီဆိုတာ မြင်သာအောင် ဘန်နာကြီးယူလာခဲ့ကြတာပါ။
ဘန်နာမှာဆိုရင် “၂၄ နှစ်အတွင်းမှာ မန်နေဂျာ ၁၆ ယောက်ပြောင်းတယ်၊ ဖလားတစ်လုံးပဲရတယ် ... ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စာသားတွေပါဝင်ပြီးတော့ ပွဲကိုလာကြည့်တဲ့ ဥက္ကဋ္ဌလဗိုင်းကို မြင်အောင် ပြထားတာပါ။
စပါးက ပြောင်းလဲဖို့အတွက် လိုကိုလိုအပ်ပါတယ်။ နည်းပြတွေကို ပေးတာနဲ့ကျေနပ်၊ ရှိတာနဲ့ အောင်မြင်လုပ်ဆိုပြီး ထိုးကျွေးတာဟာ လဗိုင်းရဲ့အကျင့်ပါပဲ။ ဒါတွေကြောင့်မို့လည်း စပါးအသင်း က လက်ရှိမှာ တန်ဆန်းဇုန်နဲ့လက်တစ်ကမ်းအလိုကို ရောက်လာရတာပါ။
