14 w - Translate

ကင်ဆာ ဆဲလ်တွေကို သတ်နိုင်တဲ့ Nano Bots တွေ လာပြီ

သိပ္ပံပညာရှင်တွေက လူ့ခန္တာကိုယ်ထဲကို ထည့်သွင်းနိုင်တဲ့ အရွယ်အစား အလွန်သေးငယ်တဲ့ စက်ရုပ်လေးတွေကို တီထွင်နေကြပါတယ်။ Nano Bots လို့ ခေါ်ပြီး လူ့ခန္တာကိုယ်ထဲကို ထည့်သွင်းကာ ဆေးကုသဖို့ ဖြစ်ပါတယ်။
အခုတော့ ဆွီဒင် သိပ္ပံပညာရှင်တွေက ကင်ဆာ ဆဲလ်တွေကို သတ်ပေးနိုင်တဲ့ Nano Bots တွေကို အောင်မြင်စွာ တီထွင်နိုင်လိုက်ပါတယ်။ ပညာရှင်တွေက Nano Bots တွေမှာ လက်နက် တပ်ဆင်ထားတယ်လို့ ပြောပါတယ်။
Nano Bots တွေကို ကြွက်တွေနဲ့ စမ်းသပ်တဲ့အခါမှာ ကျန်းမာတဲ့ တစ်သျှူးတွေကို မထိခိုက်စေဘဲ အလုံးအကျိတ်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ရင်သား ကင်ဆာ ရှိတဲ့ ကြွက်မှာ စက်ရုပ်တွေဟာ အကျိတ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
အဲဒီ Nano Bots တွေကို ဆွီဒင်နိုင်ငံ Solna မှ Karolinska Institutet က တီထွင်ထားတာ ဖြစ်ပြီး သုတေသန ပညာရှင် အဖွဲ့ကို ပါမောက္ခ Bjorn Hogberg က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
လူသန်းပေါင်းများစွာကို အသက်သေဆုံး စေတဲ့ ကင်ဆာ ရောဂါကို မကြာခင်မှာ Nano Bots တွေက ကုသပေးနိုင်တော့မှာ ဖြစ်ပါတယ်။
#digitalsphere

image