စပိန်လာလီဂါလိဂ်ကလပ်ရီးရဲလ်ဘက်တစ်အသင်းအနေနဲ့ သရဲနီအသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင်တောင်ပံကစားသမား အန်တိုနီကို ဒီရာသီကုန်အထိအငှားခေါ်ယူခဲ့ကြောင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။
အန်တိုနီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက်ဒီရာသီကာလမှာ ၁၄ ပွဲပါဝင်ကစားထားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ စွမ်းဆောင်ရည်ပိုင်းအရလည်း ရူဘင်အာမိုရင်သဘောမကျတာကြောင့် အရံကစားသမားပဲ့ဆက်ဖြစ်နေခဲ့ကာ နောက်ဆုံးမှာတော့ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ရတာဖြစ်ပါတယ်။
အဆိုပါအပြောင်းအရွှေ့ကြေးရီးရဲလ်ဘက်တစ်အသင်းအနေနဲ့ ဘယ်လိုမှအပြီးသတ်ဝယ်ယူခွင့်မပါဝင်ခဲ့ဘဲအန်တိုနီအနေနဲ့ဒီနွေရာသီကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီပြန်လည်ပြောင်းရွှေ့လာရမှာလည်းဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
