Penalty King ဘွဲ့တစ်ခုကို လက်လွှတ်ရတော့မယ့် ရိုနယ်ဒို
ပင်နယ်တီ ဘုရင်ကြီးလို့ ခေါ်ဝေါ်ကြတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ပင်နယ်တီမှတ်တမ်းများစွာထဲက တစ်ခုကို လီဝန်ဒေါ့စကီး ရယူသွားဖို့ နီးစပ်လာခဲ့ပါပြီ ။ ဘင်ဖီကာအသင်းကို ၅-၄ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပင်နယ်တီ ၂ ဂိုးသွင်းယူခဲ့တဲ့ လီဝန်ဒေါ့စကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ပင်နယ်တီသွင်းဂိုးအများဆုံး ရယူနိုင်တဲ့ ကစားသမားအဖြစ် ရိုနယ်ဒို နဲ့ ပူးတွဲရပ်တည်လာနိုင်ခဲ့ပါတယ် ။ လီဝန်ဒေါ့စကီး ဟာ မက်ဆီ ရဲ့ ၁၈ ဂိုးကိုကျော်ကာ ရိုနယ်ဒိုရဲ့ ၁၉ ဂိုး စံချိန်နဲ့ တူညီသွားခဲ့တာပါ ။ နောက်ထပ် ပင်နယ်တီ ၁ ဂိုးသွင်းယူခဲ့ပြီးရင်တော့ လီဝန်ဒေါ့စကီးဟာ ချန်ပီယံလိဂ်မှာ ပင်နယ်တီ အများဆုံးသွင်းယူတဲ့ ကစားသမား ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ် ။
