လာအို၏လေထုအရည်အသွေး ကျန်းမာရေးနှင့်မညီညွတ်
ဗီယန်ကျင်း၊ဇန်နဝါရီ ၂၄
လာအိုနိုင်ငံတစ်ဝန်းရှိမြို့များတွင် လေထုညစ်ညမ်းနေပြီး လေထုထဲ၌ PM 2.5 အမှုန်များပါဝင်မှုသည် ကျန်းမာရေးနှင့်မညီညွတ်သည့် အဆင့်သို့ရောက်ရှိနေကြောင်း လာအိုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
လေထု အရည်အသွေးညွှန်းကိန်းများအရ လေထုထဲ၌ PM 2.5 အမှုန်များပါဝင်မှုသည် တစ်ကုဗမီတာလျှင် ၅၀ မိုက်ခရိုဂရမ်ဖြစ်ပါက အန္တရာယ်မရှိသော်လည်း လာအို၌လက်ရှိတွင် တစ်ကုဗမီတာလျှင် ၁၅၂ မိုက်ခရိုဂရမ်အထိပါဝင်နေသည်ဟုလည်းသိရသည်။
PM 2.5 သည် လေထုကိုညစ်ညမ်းစေပြီး ကျန်းမာရေး ကို ထိခိုက်စေနိုင်ကာ မီးခိုးမြူများဖြစ်စေနိုင်သည့် သေးငယ်သောအမှုန်အမွှားလေးများဖြစ်သည်။
PM 2.5 သည် အလွန်သေးငယ်သဖြင့် အဆုတ်ထဲ၌နေနိုင်ပြီး သွေးကြောများအတွင်းသို့ ဝင်ရောက်နိုင်ကာ အသက်ရှူလမ်းကြောင်းနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများကို ဖြစ်စေသည်။
