မိခင်ဖြစ်သူနဲ့အတူ ကုသိုလ်အလှူပြုခဲ့တဲ့ ခိုင်သင်းကြည် 🙏🙏🙏
ဆွမ်းခံကြွ သံဃာတော်တွေကို ဆွမ်း၊ အချိုရည် ၊ ဝတ္ထုငွေတို့ကို ကပ်လှူခဲ့တာပါ။ ခိုင်သင်းကြည်ဟာ လွန်ခဲ့တဲ့နှစ်ပိုင်းကမှ ဖခင်ဖြစ်သူကို ဆုံးရှုံးထားရပြီး မိခင်၊ သမီးတို့နဲ့အတူ ကျန်ရှိနေထိုင်နေတာပါ။ မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေကို ပြုလုပ်လျက်ရှိကာ ပရိသတ်များ မုဒိတာပွားနိုင်အောင် မျှဝေပေးထားတာလည်း ဖြစ်ပါတယ်။
