Part-1
*လွတ်လပ်စွာ ပြောဆိုခွင့်
လွတ်လပ်စွာ ပြောဆိုခွင့် (Freedom of Speech) ဟူသည် ဒီမိုကရေစီ၏ အသက် သွေးကြော တစ်ခုပင် ဖြစ်သည်။
လွတ်လပ်စွာ ပြောဆိုခြင်းဆိုရာ၌ အထူးသဖြင့် နိုင်ငံရေးရာ သို့မဟုတ် အများ ပြည်သူဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် မိမိ၏ အယူအဆ၊ မိမိ၏ သဘောထား အမြင်များအား ထုတ်ဖော် ပြောဆိုခြင်းကို ဆိုလိုသည်။
ဒီမိုကရေစီအစိုးရတို့အနေနှင့် အများပြည်သူတို့ လူရှေ့သူရှေ့တွင် ပြောဆိုကြသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထိန်းချုပ် ကန့်သတ်လေ့ မရှိကြ။ ထို့ကြောင့်ပင် ဒီမိုကရေစီနိုင်ငံတို့၌ မတူသော အယူအဆများ၊ ဆန့်ကျင်ဘက် ရှုထောင့်များနှင့် ကွဲပြားသော သဘောထားအမြင်များကို ဖော်ပြသည့် အသံဗလံစုံတို့ ကြားကြရခြင်းဖြစ်သည်။
တချို့က အဲသည်လို အသံဗလံစုံခြင်းကို မနှစ်သက်ကြ။ တစ်ယောက် တစ်ပေါက်နဲ့ ရှုပ်တယ်ကွာ၊ နားငြီးတယ်ကွာဟု ပြစ်တင်၍ ပိတ်ပင်ချင်ကြ၏။
အသံများလျှင် ဆူညံသည်၊ တစ်သံတည်းပင် ကြားချင်သည်ဆိုက ဘယ်သူ့အသံကို နားထောင်မည်လဲ။ တစ်ဦးတစ်ယောက်တည်းက ပြောချင်တာ ပြော၍၊ သူပြောသမျှကို နားထောင်မည်လား။

#ဆက်ရန်ရှိ