15 w - Translate

လွန်ခဲ့သော ၅နှစ် ယခုလို ဆောင်းတွင်းအေးအေး ဇန်နဝါရီလကုန်မှာ စတင်ဖွဲ့စည်းခဲ့ပြီး MPL PH နယ်ပယ်ထဲကို ဝင်ရောက်ခဲ့တဲ့ Blacklist International ဟာ တိုက်ဆိုင်မှုလား၊ တမင်တကာလားတော့ မပြောတတ်ပေမယ့် အသင်းတည်ထောင်ပြီး ၅နှစ်တိတိပြည့်ခါနီးအချိန်ကွက်တိမှာပဲ Mobile Legends အသင်းကို ဖျက်သိမ်းကာ သူတို့ရဲ့ MPL PH Slot ကို ရောင်းလိုက်ကြောင်း ကြေညာလာခဲ့ပါတယ်။
Blacklist International လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့အားလုံး ပထမဉီးဆုံး ပြေးမြင်မိကြတာကတော့ Ohmyvenus နဲ့ Wise ဆိုတဲ့ Duo ပါပဲ။ အဲ့ဒီနောက်မှာမှ UBE Strategy, Oheb, Edward, Hadji တို့ဆိုတာ လိုက်လာတာပါ။
Blacklist ရဲ့ အအောင်မြင်ဆုံးDuo လို့ သတ်မှတ်ရမယ့် V33 Wise Duo ဟာ အမှန်တစ်ကယ်တော့ BLCK ဘက်ကနေ စတင်မိတ်ဆက်ပေးခဲ့တဲ့ ကစားသမားတွေမဟုတ်ကြပါဘူး။ လက်ရှိ Fnatic Onic PH လို့လူသိကြတဲ့ Onic PH အသင်းကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Blacklist International အတွက်တော့ ဒီ Duo ဟာ အောင်မြင်မှု လာဘ်ကောင်လို့ ပြောရမလားပါပဲ......
ဒီDuo စတင်ရောက်ရှိခဲ့တဲ့ MPL PH Season 7 မှ စလို့ MPL PH Season 8, 10 နှင့် M3 World Championship, SEA Games ပြိုင်ပွဲတွေမှာ Champion ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီ Champion ဆုတွေအကုန်လုံးကိုလည်း Blacklist ရဲ့ နာမည်ကြီး Ingame Strategy အားလုံးသိကြတဲ့ UBE Strategy နဲ့ အရယူခဲ့တာကြီးပါပဲ.......
ဒီ Duo ဟာ Blacklist မှ မွေးထုတ်ပေးလိုက်တဲ့ ကစားသမားတွေ မဟုတ်ဘူးဆိုပေမယ့် Edward နဲ့ Kairi တို့ကတော့ Blacklist က မွေးထုတ်ပေးလိုက်တဲ့ နာမည်ကြီး ကစားသမားတွေပါ......
Champion Title နဲ့ တစ်နှစ်ကျော် နှစ်နှစ်ဝန်းကျင် ဝေးကွာခဲ့ရတဲ့ Blacklist အတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ခဲ့ရသလို Agent တို့အတွက်လည်း အများကြီး ပင်ပန်းခဲ့တာ အမှန်ပါပဲ.......
ဒီအချက်ကပဲ Blacklist အတွက် MPL PH Slot ရောင်းရဖို့ ဖြစ်လာခဲ့တယ်လို့ပဲ ထင်ပါတယ်။
Blacklist International ရဲ့ MPL PH မှ ထွက်ခွာသွားတာနှင့်အတူပဲ လစ်ဟာသွားတဲ့ Slot နေရာကို ထွက်ပေါ်နေတဲ့ ကောလဟာလတွေအတိုင်း Ap.Bren နဲ့ လမ်းခွဲသွားခဲ့တဲ့ Team Falcons ကပဲ အသင်းတစ်သင်းအနေဖြင့် ဝင်ရောက်လာမလားဆိုတာကလည်း လက်ရှိ ပရိတ်သတ်တွေ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။
No More Code Breakers 🫡🫡

image