*မတူကွဲပြားခြင်း
တချို့ကိစ္စရပ်များတွင် အမြင်မတူခြင်း၊ တန်ဖိုးထားမှု မတူခြင်းများအတွက် အငြင်းပွားရတာတွေ ရှိသည့်တိုင် ဒီမိုကရေစီ အစိုးရများ၊ ဒီမိုကရေစီဓလေ့၌ ကျင့်သားရနေသည့် လူထုများအနေနှင့် မိမိတို့နှင့် ‘စိမ်း’နေသည့် အယူအဆများ အလေ့အထများကို ကိုယ်တိုင် မကျင့်သုံးသည့်တိုင် သူတစ်ပါး ကျင့်သုံးသည်ကိုကား သိမှတ်လက်ခံနိုင်ကြသော သဘောရှိပါသည်။
စင်စစ်၊ မတူသော လူစုများအကြား အမြင်မတူမှုများကို ဖြေရှင်းရာ၌ တစ်သမတ်တည်း ကျင့်သုံးနိုင်မည့် နည်းလမ်းမျိုး ရရှိဖို့ မလွယ်ပါ။ သို့သော် ဒီမိုကရေစီ ယဉ်ကျေးမှုများ ဖြစ်သည့် မတူသော အယူအဆများကို သည်းခံနိုင်မှု၊ ဆွေးနွေးငြင်းခုံမှု၊ အပေးအယူ အလျှော့အတင်းပြုရန် ဝန်မလေးမှု စသည်တို့အားဖြင့် အသင့်တော် အကောင်းမွန်ဆုံး အဖြေများ ရရှိကာ အများစုအုပ်စိုးမှုနှင့် လူနည်းစုရပိုင်ခွင့်တို့ ဒွန်တွဲ တည်ရှိသည့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ ထွန်းကားရှင်သန် နိုင်ကြပေသည်။