15 w - Translate

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နာမည်ကြီး Esports Organization တစ်ချို့ဖြစ်တဲ့ Team Falcons, Fnatic , Ninja In Pyjamas အစရှိတဲ့ အသင်းတွေဟာ Mobile Legends Region အသီးသီးက နာမည်ကြီးအသင်းများဖြစ်ကြတဲ့ Ap.Bren, Onic Esports, Team Flash တို့နဲ့ တရားဝင် လမ်းခွဲသွားကြတာကို အားလုံးပဲ သတိထားမိကြမှာပါ။
ပရိတ်သတ်တော်တော်''များ'' ကတော့ အစပိုင်းမှာ သမန်ကာလျှံကာပဲ ပုံမှန် Farewell လို့ ထင်ခဲ့ပေမယ့် အသင်းတွေ တဖြည်းဖြည်း များလာတဲ့အခါ "ဘာလို့များ ဆက်တိုက် လမ်းခွဲနေကြတာလဲ” ဆိုတဲ့ အတွေးက ခေါင်းထဲကို ဝင်လာခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြောင်းကိာ စိတ်ဝင်စားမိသွားလို့ လေ့လာကြည့်လိုက်တဲ့အခါမှာ သူတို့လမ်းခွဲခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
ဘာလဲဆိုတာ သိချင်ရင်တော့ စာကို အဆုံးထိဖတ်ဖို့ မေတ္တာရပ်ခံပါတယ်။
◾◾◾Team Falcons, Ap.Bren, NIP, Team Liquid တို့ Mobile Legends အသင်းတွေနဲ့ ပူးပေါင်းခဲ့တာဟာ ပြီးခဲ့တဲ့ MSC 2024 နဲ့ M6 ပြိုင်ပွဲမတိုင်ခင်က ဖြစ်ပါတယ်။
ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကတော့ Esports World Cup မှာ Champion ဖြစ်ဖို့အတွက်ပါပဲ။ ဒီတော့ Esports World Cup အကြောင်း နည်း''ရှင်းပြပေးပါ့မယ်။
◾◾◾Esports World Cup မှာဆိုရင် Club Championship ဆိုတဲ့ ဆု သက်သက်ရှိပါတယ်။ အဲ့တာကတော့ Organization တွေကိုပဲ ပေးတဲ့ဆု ဖြစ်ပါတယ်။
ဘာကိုကြည့်ပေးတာလဲ ဆိုရင် Esports World Cup မှာ ပြိုင်ပွဲအသီးသီးမှာ Champion ဖြစ်ခဲ့တဲ့ အသင်းအလိုက် Club Championship မှာ Champion ဖို့ အထောက်အကူ ဖြစ်စေတဲ့ Point တွေကို ရရှိစေတာဖြစ်ပါတယ်။ ဉပမာ မနှစ်က MSC မှာ SRG ဟာ Champion ဖြစ်ခဲ့လို့ ဒီ Club Champion ဆုအတွက် Point 1000 ရရှိခဲ့ပြီး Ap.Brenနဲ့ ပူးပေါင်းခဲ့တဲ့ Team Flacons က Point 600 ရရှိခဲ့ပါတယ်။
Club Championship မှာ Champion ဖြစ်ဖို့ဆိုရင် Esports World Cup အတွင်းမှာ ပါဝင်တဲ့ ပြိုင်ပွဲတိုင်းမှာ ကိုယ့်အသင်းရှိဖို့ လိုအပ်လာပါတယ်။ တစ်နည်းပြောရရင် ကိုယ့် Organization နာမည်နဲ့ အသင်းတွေ အများကြီးရှိဖို့ လိုအပ်လာပါတယ်။ ဒါမှပဲ Point တွေ အများကြီးရပြီး Champion ​ဖြစ်ဖို့ ရာခိုင်နှုန်းက များလာမှာကိုး........
ဒါ့ကြောင့် ဒီဆုကို ပစ်မှတ်ထားကာ နာမည်ကြီး Organization တွေက ML အသင်းတွေနဲ့ ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။
◾◾◾ဒါဆို အခု သူတို့လိုချင်တာ ရသွားလို့ ML အသင်းတွေကို လမ်းခွဲသွားတာလား ???? 🤔🤔
အဲ့လိုမေးခွန်းထုတ်ပြန်ရင်လည်း မှားပြန်ပါတယ်။ တစ်ကယ်တော့ သူတို့လည်း ဖြစ်နိုင်ရင် ဒီအသင်းတွေနဲ့ လမ်းမခွဲချင်လောက်ပါဘူး။ MSC 2025 မှာ ထည့်သွင်းသွားမယ့် Club Championship ပြိုင်ပွဲရဲ့ စည်းမျဉ်းအသစ်ကြောင့်သာ မတတ်သာပဲ လမ်းခွဲကြရတာ ဖြစ်နိုင်ပါတယ်။
Esports Organization အနေနဲ့ Club Championship Champion ဖြစ်ရဖို့ မနှစ်က နှစ်ပေါက်တစ်​ပေါက်ရိုက်ပြီး Esports Organization နှစ်ခု ပူးပေါင်းခဲ့တာကြောင့် ဒီနှစ်မှာ စည်းမျဉ်းအသစ်ထည့်သွင်းထားတာဖြစ်ပါတယ်။
အဲ့တာကတော့ အသင်းတစ်သင်းထဲကို Organization နှစ်ခုက ပူးပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရင် Club Championship Point မရဘူးဆိုတဲ့ စည်းမျဉ်းပါပဲ။
ဒါက မနှစ်က မလိမ့်တစ်ပတ် လုပ်ခဲ့ကြတဲ့ Team Flacons, Fnatic , NIP တို့အပေါ် အကျိုးသက်ရောက်မှု သိသိသာသာ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီOrg တွေအနေနဲ့ ML အသင်းတွေကို နှုတ်ဆက် လမ်းခွဲဖို့ ဖြစ်ပြီး သူတို့ ကိုယ်ပိုင်MLအသင်းတွေ ထောင်ဖို့ ဖြစ်လာခဲ့တာပါ......
ဒီ စည်းမျဉ်းအသစ်ကပဲ MPL PH, MPL ID အစရှိတဲ့ Region တွေမှာ တစ်ချို့အသင်းတွေ Disband ပြီး အဲ့အသင်းတွေရဲ့ Slot ကို ဝင်ယူကာ ML နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ သတင်းတွေကို ကြားနေရတာဖြစ်ပါတယ်။
◾◾◾မှတ်ချက်အနေနဲ့ Team Liquid ဟာ Echo နဲ့ Aura Fire ကို အစကတည်းက ဝယ်ယူထားခဲ့ပြီး TLID, TLPH လို့ ပြောင်းလဲခဲ့တာကြောင့် ဒီစည်းမျဉ်းအသစ်ဟာ သူတို့အပေါ်တော့ အကျိုးသက်ရောက်မှု မရှိပါဘူး။
ဒါဆိုရင်တော့ ပရိတ်သတ် တော်''များ''လည်း ဒီကိစ္စကို နားလည်လောက်ပြီလို့ ထင်ပါတယ်........

image