အီတလီစီးရီးအေလိဂ်ကလပ်လက်ချီအသင်းဟာ ကမ်းလှမ်းမှုဟာတန်ဖိုးနည်းပါးတယ်လို့မြင်တာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းက ပက်ထရက်ခ်ဒွန်လ်ကူကိုဝယ်ယူဖို့ကမ်းလှမ်းမှုကိုငြင်းပယ်လိုက်တယ်လို့ အီတလီနာမည်ကြီး သတင်းထောက်ဖာဘရေစီယိုရိုမာနိုကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပက်ထရက်ခ်ဒွန်လ်ကူကိုဝယ်ယူဖို့အတွက်ယူရို ၂၇ သန်းတန်ကမ်းလှမ်းမှုကိုပြုလုပ်ခဲ့ပေမဲ့လည်း အဆိုပါပမာဏဟာလက်ချီအသင်းလိုချင်နေတဲ့ပမာဏထက်နည်းပါးနေပါသေးတယ်။အဆိုပါအီတလီအသင်းအနေနဲ့ အဆိုပါအသက် ၂၀ အရွယ်ကစားသမားကိုယူရိုသန်း ၄၀ အထိသတ်မှတ်ထားခဲ့တာဖြစ်တယ်လို့ ဖာဘရေစီယိုရိုမာနိုကသတင်းဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအပြင် နာပိုလီလိုအသင်းကလည်း ပက်ထရက်ခ်ဒွန်လ်ကူကိုစိတ်ဝင်စားမှုရှိနေပြီး အဆိုပါကစားသမားကိုယ်တိုင်ကလည်းအသင်းပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်နေပါတယ်။

ပက်ထရက်ခ်ဒွန်လ်ကူအနေနဲ့ကတော့ ဒီရာသီကာလမှာလက်ချီအသင်းအတွက် ၂၂ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image