#ဝက်ချိုချဉ်ကြော်
အိုးထဲ ဆီထည့်ပီး ဆီဆူလာရင်
ကြိတ်ထားတဲ့ ကြက်သွန်ဖြူ ခဏထည့်ပီး
နွမ်းလာရုံမွှေပါ။
အသင့်လှီးထားတဲ့ သုံးထပ်သားထည့်ပီး
ဆား,သကြား,အရသာမှုန့်ထည့် မွှေပါ။
ဝက်သားကို ရေမြုပ်အောင်ထည့်ပီး အဖုံးအုပ်ထားပါ။
အသား နဲ့ အခေါက်လေးများ နူးအိလာရင်
ခရမ်းချဉ်သီး နဲ့ Chili Sauce ထည့်မွှေပီး အဖုံးအုပ်ထားပါ။
ခရမ်းချဉ်သီးများ ပျော့အိလာတဲ့အခါ
နာနတ်သီးထည့်မွှေပီး ၁ မိနစ်ကြာရင်
ပန်းငရုတ်ပွ,ပန်းဂေါ်ဖီ,ရေပြောင်းဖူး,ကြက်သွန်နီ ထည့်မွှေလိုက်ပါ။
အိုးမချခင် ၁ မိနစ်အလိုမှာ ကော်ရည်ထည့်မွှေပါ။
အသီးအရွက် ခပ်ကျွတ်ကျွတ်အနေအထားမှာ
အိုးချစားသုံးပါ။
_____________________________________________________
ကော်မှုန့် ထမင်းစားဇွန်းကို ရေဖျော်ထားပါ။
ကြက်သွန်ဖြူ ၅ မွှာ ကြိတ်ထားပါ။
ဝက်သား ၃ ထပ်သားကို လှီးဖြတ်ထားပါ။
ချိုချဉ်ကြော် အရသာအတွက်
နာနတ်သီး,ခရမ်းချဉ်သီး,Chili Sauce ဒီ ၃ မျိုးက
မပါမဖြစ်မို့ ထည့်ရပါမယ်။
