တို့ဆေ-းမိရင် သံပုရာသီးထက် ပိုအစွမ်းထက်တဲ့ ကွမ်းရွက် (ကျမ ကိုယ်တွေ့ပါ)
တို့ဆေ-းမိရင် သံပုရာသီးထက် ကွမ်းရွက်က ပိုထက်ပါတယ်။ ကွမ်းရွက်က ပိုပြီး လွယ်လွယ်ကူကူ ရလွယ်တဲ့အပြင် မူးတာတို့ ဦးနှောက် ထုံထိုင်းထိုင်း ဖြစ်သွားတာတို့ကို အမြန်သက်သာစေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နား အနောက်မှာ အပ်နဲ့ အခြစ်ခံရဖူးတယ် လက်တွေ့ပါ၊ သံပုရာသီးရော ကွမ်းရွက်ကော ပါလာတာနဲ့ သံပုရာသီးက သိပ်မတိုးတော့လို့ ကွမ်းရွက်ကို ချေပြီး နဖူး၊ နထင်၊ နား၊ ဂုတ်နဲ့ လည်ပင်း ပွတ်လိမ်းရင်း ရနံ့ပါ ရှူရင်း မူးတာ ခဏနဲ့ သက်သာသွားတယ်။ မျက်ရည်တွေထွက် မျက်လုံးပူပြီး ဝါးလာတော့ ကွမ်းရွက်ကို ကပ်လိုက် ပူလာရင် ခဏဖယ်လိုက် ကွမ်းရွက်ပြန်အေးသွားရင် ပြန်ကပ်လိုက် လုပ်ရင်း ၃ ခါလောက်နဲ့ မျက်လုံး ပူစပ်တာ ခဏနဲ့ သက်သာသွားတယ်။
တို့ဆေ-းမှာ မျက်လုံးတွေ ဝါးသွားပြီး ခေါင်းမူး ထုံတုံတုံဖြစ်အောင် လုပ်တဲ့ဆေ-းမျိုးပါတယ်၊ မှတ်ဉာဏ် အသိမပျောက်အောင် ခေါင်းမူးတာနဲ့ ချက်ချင်း နီးရာမှတ်တိုင်ဆင်း ကွမ်းရွက်ကိုသုံးပါ။ အချိန်ကြာသွားရင် ဦးနှောက်ထဲမှာ ထုံတုံတုံ ဖြစ်ပြီး အသိတွေ ဝေဝါးလာပြီး ဘာမှ သိပ်မစဉ်းစားနိုင်တော့ပဲ ဖြစ်သွားတတ်တာပါ။ သတိကပ်ပြီး ဝင်လေ ထွက်လေကို ကြည့်နေပေးပြီး စိတ်ပူပန်မှုကို လျှော့ချပေးပါနော်။ စိတ်ပူပန်မှု မြင့်တက်လေလေ ဦးနှောက်ရဲ့ အသိဉာဏ်ကို ပိုထိခိုက်သွားပြီး မှတ်ဉာဏ်တွေ ရုတ်တရက်ပျောက်ပြီး ဘာမှ စဉ်းစားမရတာမျိုး ဖြစ်သွားတတ်တဲ့အခါ အန္တာရာယ် ပိုကြီးလို့ ဂရုစိုက်ပေးကြပါနော်။
ပျားရည်နဲ့ သံပုရာသီး ဖျော်ပြီး သောက်ပေးပါ။ ကိုယ်တွေ့ပါနော် အဲ့ဒီနေ့က ခေါင်းမူးတာ အမြန်သက်သာသွားပါတယ်၊ သွားချင်တဲ့နေရာကို ဆက်သွားနိုင်တယ်၊ ဆေးခန်းတောင် သွားဖို့ မလိုတော့ပါဘူး။ တခုတော့ ရှိပါတယ် တသက်လုံးမှာ အဲ့နေ့ကလောက် အိပ်လို့ပျော်တာမျိုး မကြုံဖူးဘူး။ တွေ့တဲ့ နေရာမှာ အိပ်ချင်တဲ့စိတ်ကို ထိန်းပြီး ပြန်လာတာ အိမ်ပြန်ရောက်တော့ အိပ်လိုက်တာမှ ၁၆ နာရီလောက် အိပ်ပျော်သွားတယ်။
#
