ဟုမ္မလင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့
မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ မြေငလျင်တစ်ခု ဇန်နဝါရီ (၂၄) ရက်၊ နံနက်အစောပိုင်း (၁)နာရီ၊ (၅၃)မိနစ်၊ (၃၃) စက္ကန့် အချိန်က လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းထွာရရှိချက်အရ သိရသည်။
မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅)ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်။
