15 w - Translate

ကလီဖိုးနီးယား၌ မီးထပ်လောင်သဖြင့် တက္ကသိုလ်များအရေးပေါ်ရွှေ့ပြောင်းရ

လော့ဆန်းဂျလိစ်၊ဇန်နဝါရီ ၂၃

အမေရိကန်နိုင်ငံ ကလီဖိုးနီးယားပြည်နယ်၌ တောမီး တကျော့ပြန်လောင်ကျွမ်းခြိမ်းလာပြန်သဖြင့် ကလီဖိုးနီးယားရှိတက္ကသိုလ်များ ကို အရေးပေါ်ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားရသည်ဟုဆိုသညည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် တက္ကသိုလ်ကျောင်းဝင်း၏ အနောက်ဘက်တောင်ကုန်းများမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။

အခင်းဖြစ်နေရာသို့ ရောက်ရှိလာသည့် ဝန်ထမ်းများက မီးသည် လျင်မြန်စွာပျံ့နှံ့သွားခဲ့ကြောင်းဆိုကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မီးလောင်သည့်ဧရိသာ ဧက ၅၀ အထိ ကြီးမားလာသဖြင့်အဆိုပါနေရာသို့ ရဟတ်ယာဉ်များဖြင့်ပါမီးကူငြှိမ်းခဲ့ရသည်။

မီးများလာသဖြင့် အာဏာပိုင်များက ကလီဖိုးနီးယားပြည်နယ်တက္ကသိုလ် Channel Islands နှင့် University Glen ရှိကျောင်းသားများကို ဘေးလွတ်ရာရွှေ့ပြောင်းရန်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းဝင်းနဲ့ ကပ်လျက်ရှိနေသည့် လူနေရပ်ကွက်ကိုလည်း ပြောင်းရွှေ့စေခဲ့သည်ဟုသိရသည်။

image