16 ပတ် - ဘာသာပြန်ပါ။

part_1
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟
(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
ဒီရက်ဖွားတွေအနေနဲ့ တွေးမိတွေးရာတွေးနေတတ်ပြီးစိတ်အာရုံစုစည်းမှုအားနည်းနေပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်သော်လည်းလိမ်လည်လှည့်ဖြားမှုခံရခြင်း ဆုံးဖြတ်ချက်မှားခြင်း စသည်တို့နှင့် ပါတ်သက်၍သတိထားရန်လိုပါလိမ့်မယ်။ပညာရေးပိုင်းတွင်မိမိလျှောက်နေသောလမ်းနှင့်မိမိအတွက်သင့်တော်သောလမ်းကိုက်ညီမှုမရှိဖြစ်တတ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီး စိတ်ခံစားချက်နှင့် အာရုံကြောပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးမှာသင့်တင့်သောကံရှိသော်လည်းမိမိ၏စိတ်လိုက်မာန်ပါပြောဆိုခြင်းတဇွတ်ထိုးဆန်ခြင်းတို့ကြောင့်မဖြစ်သင့်သောပြသနာများကြုံလာရတတ်ပါတယ်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
ဒီရက်ဖွားများနှင့်ပါတ်သက်၍လတ်တလောတွင်အတိုက်အခံများနေတတ်သော်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။မိမိကိုယ်ကိုအတွက်ပို၍အချိန်ပေးသင့်သောကာလဖြစ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအတက်အကျများပြီးမထင်မှတ်ထားသောအခါများတွင်ဝင်ငွေရရှိတတ်သော်လည်းတခါတရံမိမိအားထုတ်သလောက်မဖြစ်ထွန်းနိုင်သောအရာများလည်းရှိတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးအခွင့်အရေးကောင်းများရရှိနိုင်ပါတယ်။သို့ရာတွင်မိမိစိတ်အာရုံပျံ့လွှင့်ခြင်း မပြတ်သားခြင်း အတွေးများခြင်း တို့ကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီး မတော်တဆထိခိုက်ရှနာမျိုး သတိပြုရန် လိုပါလိမ့်မယ်။ရောဂါအခံရှိသူများကမျက်စိနှင့်အရိုးအဆစ်ကိုက်ခဲခြင်းကိုဂရုစိုက်ရပါမယ်။အချစ်ရေးတွင်ကံအသင့်အတင့်ကောင်မွန်ပြီးမိမိ၏မာနကြောင့်နားလည်မှုလွဲခြင်း စကားများခြင်းများ ဖြစ်တတ်သည်ကို သတိပြုရပါမယ်။

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
ဒီရက်ဖွားတွေအနေနဲ့အခုရက်ပိုင်းမှာ အကြံဥာဏ်အသစ်များ သတင်းထူးများ အကြောင်းကြားချက်များ လက်ခံရရှိတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီး မိမိအားစိုက်ထုတ် သလောက် အကျိုးခံစားရတတ်ပါတယ်။ပညာရေးပိုင်းဆိုင်ရာအတွေးအမြင်အသစ်များရရှိတတ်ပြီးတီထွင်ဖန်တီးမှုဥာဏ်အားကောင်းသောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ခါးအောက်ပိုင်းဆိုင်ရာရောဂါများ သတိပြုဖို့လိုပါလိမ့်မယ်။အချစ်ရေးကံအသင့်အတင့်ရှိပြီးကာလတိုပျော်ရွှင်မှု သာယာမှုများ ခံစားရပါလိမ့်မယ်။စိတ်အတက်အကျများနေတတ်သေးကြောင့်စိတ်ခံစားလွယ်ပြီး စကားများ ရတတ်ပါတယ်။

(၄)ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
ဒီရက်ဖွားများအနေနဲ့လတ်တလောတွင်စိတ်ပိုင်းဆိုင်ရာပင်ပန်းရခြင်း မိမိစိတ်ကိုထိန်းချုပ်ရခက်ခြင်း များကြုံတွေ့ရနိုင်ပါတယ်။ စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီး မိမိလုပ်ငန်းနှင့် ဆိုင်သော သို့ ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။ မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။

(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
ဒီရက်ဖွားတွေအနေနဲ့ လေ့လာသင်ယူမှုပြုစရာပညာဗဟုသုတအသစ်များ အသိအမြင်အသစ်များ ရရှိလာပါလိမ့်မယ်။ စီးပွားရေး နှင့်ငွေကြေးကံအဆင်ပြေကောင်းမွန်ပြီး ပုံမှန်ဝင်ငွေများ ရရှိပါလိမ့်မယ်။ ငွေအဝင်အထွက်မျှနေတတ်သောကြောင့်မိမိ၏ငွေကြေးစီမံမှုချင့်ချိန်တတ်ဖို့လိုပါမယ်။ပညာရေးကံအထူးကောင်းမွန်သောကာလဖြစ်ပြီးပညာအသစ်များဆည်းပူးလေ့လာရန်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းဆိုင်ရာရောဂါများသတိပြုရန်လိုပါမယ်။အချစ်ရေးမှာတော့မိမိ၏ခေါင်းမာမှုကြောင့်စကားများရတတ်ပါတယ်။စိတ်အတက်အကျများနေတတ်သောကြောငိ့မိမိစိတ်ကိုထိန်းချုပ်နိုင်ရနိလိုအပ်ပါလိမ့်မယ်။


#tarotqueen