16 ပတ် - ဘာသာပြန်ပါ။

L.A တွင် ကြီးမားသည့်တောမီးတစ်ခု ထပ်မံလောင်ကျွမ်းနေ
---------------------
အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်ကောင်တီ မြောက်ပိုင်းမှာ နောက်ထပ် ကြီးမားတဲ့ တောမီးတစ်ခု ထပ်မံ လောင်ကျွမ်းနေတာကြောင့် လူထောင်ချီ နေရပ်ရွှေ့ပြောင်းနေရပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေ(၅)နာရီကစပြီး လော့စ်အိန်ဂျယ်လိစ်နဲ့ ဗန်တူရာ ကောင်တီတွေကို လောင်မြိုက်နေတဲ့ မီးဟာ သစ်တောမြေဧက (၉၀၀၀) ကျော် ကို ဝါးမျိုဖျက်ဆီးခဲ့ပြီး မီးကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ အဆောက်အအုံတွေ ပျက်စီးတဲ့ သတင်းမျိုး မကြားရသေးဘူးလို့ ပြောပါတယ်။ အခုတောမီးသစ် လောင် နေတဲ့နေရာက ကတ်စ်တိုက် ရပ်ကွက်ဟာ အန်ဂျယ်လက်စ် အမျိုးသား သစ်တောဧရိယာရဲ့ အနောက်မြောက် ဘက် (၁၅)မိုင်လောက်မှာ ရှိတာပါ။ အဲဒီနေရာမှာ နေထိုင်တဲ့ ဒေသခံပြည်သူ (၃၀၀၀၀)ကျော်ကို နေရပ်ရွှေ့ ပြောင်းဖို့ ညွှန်ကြားထားပြီး နောက်ထပ် လူ(၂၀၀၀၀)ကိုလည်း နေရပ်ရွှေ့ပြောင်းရေးအတွက် သတိရှိကြဖို့ အသိပေးထားပါတယ်။

အခုလောင်နေတဲ့ တောမီးအသစ်ကို ထိန်းချုပ်ကိုင်တွယ်ဖို့အတွက် မီးသတ်သမား (၄၀၀၀)ကို စေလွှတ်ထားပြီး မြေပြင်နဲ့ ဝေဟင် ကနေပါ မီးငြှိမ်းသတ်ရေး လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဖျက်အားပြင်းတဲ့ တောမီးတွေ လောင်ခဲ့ရာ ပယ်လီဆေ့ဒ်နဲ့ အီတန် ဒေသတွေမှာ မီးဆက်လက် လောင် ကျွမ်းနေတဲ့အတွက် မီးငြှိမ်းသတ်ရေး လုံးပမ်းနေရချိန်မှာပဲ အဲဒီနေရာရဲ့ မြောက်ဘက်က ကတ်စ်တိုင်ရေကန် အနီးမှာ ဗုဒ္ဓဟူးနေ့ မနက် (၁၁)နာရီမှာ တောမီးတစ်ခု ထပ်မံ လောင်ခဲ့ပြန်တာပါ။ လက်ရှိကြုံနေရတဲ့ မီးအခြေ အနေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကြုံခဲ့ရတဲ့ အခြေအနေလိုမျိုးပဲ ဆိုးရွားတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

image