16 w - Translate

🤖 ChatGPT- 4 ကို Free သုံးလို့ရတဲ့ Microsoft ရဲ့ Copilot App ထွက်ပြီ
သတင်းကောင်းပါဗျာ။ AI Chatbot App ဖြစ်တဲ့ Copilot က Play Store ပေါ် ရောက်လာပါပြီ။
Copilot ရဲ့ အားသာချက်ကတော့ ChatGPT မှာ Free သုံးလို့မရတဲ့ ChatGPT-4 ဗားရှင်းကို Free ထည့်ပေးထားတာပါပဲ။ ဆိုတော့ Up-to-date Information တွေကို သိနိုင်မှာပါ။ Dall-E 3 နဲ့ ပုံတွေဆွဲနိုင်သလို သီချင်းတွေလည်း ဖန်တီးနိုင်ပါတယ်။
Microsoft က သူတို့ရဲ့ AI Service တွေကို ဖုန်းတွေမှာ သုံးနိုင်ဖို့ Bing App ကို ထုတ်ပေးထားတာရှိပေမယ့် အခု Copilot ကတော့ Standalone App အနေနဲ့ ထွက်ရှိလာတာပါ။
Copilot ဟာ ပုံဆွဲဖို့ပဲဖြစ်ဖြစ်၊ သိချင်တာမေးဖို့ပဲဖြစ်ဖြစ် ဆောင်ထားသင့်တဲ့ Application တွေထဲက တစ်ခုဖြစ်ပါတယ်။
Ref: Android Police, The Verge

image