16 w - Translate

အများ အမြင်စောင်းနေကြတဲ့ YBS ကားဆရာကြီးတွေရဲ့ လူတွေမသိသေးတဲ့ ဘဝအစိတ်အပိုင်းတချို့
ကားထားရတဲ့ ဂိတ်ရင်းနဲ့ အိမ်က တချို့နီးပေမယ့် တချို့ကဝေးတယ်။ မနက်ကားထွက်ချိန် အချိန်မီလာဖို့ ဆိုတာ အမြဲတမ်းမလွယ်ဖူးလေ။ ကိုယ်တွေ လမ်းကြောက သားစျေးငါးစျေးသွားနေရတော့ တခါတလေ ငါးအိတ်က အရည်တွေကျရင် အဲဒီညအဖို့ အနံ့လေးစူးစူးနဲ့အိပ်စက်ရတာ၊
တတ်နိုင်သလောက်တော့ သန်ရှင်းရေးလုပ်ပါတယ်။ ကွမ်းတံတွေးအိတ်တွေ ကြမ်းပြင်ပေါ်ချခဲ့တာလေးတွေ၊ ကားပေါ်မူးပြီး အန်တာလေးတွေ သတိထားစေချင်ပါတယ်။ ကိုယ်တွေရဲ့ ညဖက်အိပ်စက်ရာ ဖဲမွေ့ယာ ရွှေကောဇောလေးပါ။ ကိုယ်တယောက်တည်းမဟုတ်ပါဘူး။ YBS ကားသမားအများစုရဲ့ အိပ်စက်ရာ နေရာလေးတွေပါ။ (Arkarmin Naing)
#ybs
#ကားဆရာ
#crd

image