16 w - Translate

🌿သစ်ခွပင်နှင့် ကြက်ဥခွံအစွမ်း 🌿🌼

မိမိအိမ်ကသစ်ခွတေ မသန်ဘူး အပွင့် မလှဘူး နှင်းဆီတေလဲခနခနပိုးကျတယ်ဝယ်စိုက်တိုင်း သေတယ် ဆိုသူ‌ တေအတွက် အိမ်မှာအလွယ်တကူလိုက်လုပ်လို့ရမဲ့သဘာဝနည်းလမ်းလေးပါ

🪺လိုအပ်တဲ့ပစ္စည်းကတော့ အမြဲအမှိုက်ပူံးထဲလွတ်ပစ်နေကြ ကြက်ဥ ခွံလေးတေပါပဲ

1. ကြက်ဥပြုတ်ပြီးရင် ကျန်တဲ့ အခွံလေးတေကို နေပူပူမှာ ခြောက် အောင်လှန်းလိုက်ပါ ။ကြက်ဥကြော် မှရတဲ့အခွံဆိုရင်‌တော့ ရေဆေးပြီးမှ အခြောက်လှန်းပါနော်

2. ခြောက်သွားတဲ့ ကြက်ဥခွံ (သို့ )ဘဲဥခွံ လေး‌‌ တေကို ကြေသွားအောင် ချေလိုက်ပါ။

3. ရလာတဲ့ ကြက်ဥခွံ(သို့)ဘဲဥခွံ အကြေလေးတေကို မိမိသစ်ခွပင် နှင်းဆီပင်လေး တေရဲ့ အပင်ခြေမှာ ပုံပေးထားလိုက်ပါ။

🍓ကြက်ဥခွံမှာဆိုရင် အပင်တေအတွက် အဓိကလိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ပင်စည် ‌‌ တေကိုလုံးဝသန်မာစေမှာပါ။အပွင့်အရည်‌ သွေးကိုလဲ ပိုမိုလှပစေပါတယ်။

🍓အခြောက်လှမ်းပြီးမှရလာတဲ့အခွံလေးတေကအခွံအစိုထပ် ပိုပြီးအဆင်ပြေပါတယ် အပင်စုံအတွက်သူံးပေးလို့ရပါတယ်

#crd
#greengarden

image