16 w - Translate

အမေရိကန်နှစ်ဦးနှင့် အာဖဂန်တစ်ဦး အကျဉ်းသားချင်းလဲလှယ်
------------------------
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နှစ်ယောက် လွတ်မြောက်ရေး အတွက် အမေရိကန်မှာ မူးယစ်မှု၊ အကြမ်းဖက်မှုတို့နဲ့ ထောင်ချခံရသူ အာဖဂန်တစ်ယောက်ကို အမေရိကန်က လွှတ်ပေးလိုက်ပါတယ်။ နှစ်နိုင်ငံကြားရရှိထားတဲ့ သဘောတူညီချက်အရ အင်္ဂါနေ့မှာ အဲဒီလို အကျဉ်းသားချင်း လဲလှယ်မှု ပေါ်ပေါက်လာခဲ့တာပါ။

အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်အရ အာဖဂန်တာလီဘန်တွေ လက်ထဲကနေ ရိုင်ယန်း ကောဘတ်နဲ့ ဝီလီယံ မက်ကန်တီတို့ လွတ်မြောက်လာခဲ့ပါတယ်။ အမေရိကန်ဘက်က ပြန်လွှတ်ပေးတဲ့ အာဖဂန်နိုင်ငံသားဟာ ခန်း မိုဟာမက်ဆိုသူဖြစ်ပြီးတော့ ကယ်လီဖိုးနီးယားပြည်နယ် ဖယ်ဒရယ်အကျဉ်းထောင်မှာ မူးယစ်မှု၊ အကြမ်းဖက် မှုတို့နဲ့ ထောင်ဒဏ်ကျခံနေသူ ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်မှာ အကျဉ်းခံထားရ တဲ့ အာဖဂန်တိုက်ခိုက်ရေးသမားတစ်ယောက်ကို အမေရိကန်နိုင်ငံသားတွေနဲ့ အလဲအလှယ်လုပ်ခဲ့ပြီး အခု မွေးရပ် နိုင်ငံကို ပြန်လာနေတယ်လို့ ဖော်ပြထားပါတယ်။

တာလီဘန်လက်ကနေ အမေရိကန်နိုင်ငံသား မစ္စတာ ကောဘတ် ပြန်လွတ်မြောက်လာမှုကိုလည်း သူ့မိသားစုက အတည်ပြုထားပါတယ်။ ကောဘတ်ဟာ အာဖဂန်မှာ မိသားစုနဲ့အတူ နှစ်များစွာ နေထိုင်ခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က အလုပ်ခရီးစဉ်တစ်ခုနဲ့ အာဖဂန်ကိုပြန်လာချိန်မှာ တာလီဘန်တွေက ဖမ်းဆီးခဲ့တာပါ။ မစ္စတာ မက်ကန်တီနဲ့ ပတ်သက်လို့ တော့ အသေးစိတ်မသိရသေးဘဲ သူ့မိသားစုက ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်အဖြစ် ထိန်း သိမ်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ အခုအကောင်အထည်ပေါ်လာတဲ့ အကျဉ်းသားလဲလှယ်ရေး သဘောတူညီ ချက်ကို အမေရိကန်နဲ့ အာဖဂန်တာလီဘန်တို့ကြား (၂)နှစ်ကြာ စေ့စပ်ညိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက် ဂျိုးဘိုင်ဒန် အစိုးရ သက်တမ်း မကုန်ခင်လေးမှာ အပြီးသတ် သဘောတူမှုရခဲ့တာဖြစ်ပါတယ်။

image