အင်တာမီလန်နဲ့ဘိုရပ်ရှားဒေါ့မွန်တို့လိုဥရောပနာမည်ကြီးကလပ်အသင်း ၂ သင်းက မန်ချက်စတာစီးတီးအသင်းတောင်ပံကစားသမား ဂျက်ခ်ဂရီးလက်ချ်ရဲ့အနေအထားကိုစောင့်ကြည့်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

အင်တာမီလန်အသင်းနဲ့ဘိုရပ်ရှားဒေါ့မွန်အသင်းတို့ဟာ မန်ချက်စတာစီးတီးအသင်းကစားသမားဂျက်ခ်ဂရီးလက်ချ်ကို အသီးသီးစိတ်ဝင်စားမှုရှိနေတယ်လို့ The Sun သတင်းကဖော်ပြခဲ့ပြီး အဆိုပါကစားသမားအနေနဲ့လက်ရှိကာလမှာတော့ နည်းပြပပ်ဂွာဒီယိုလာလက်အောက်မှာ မန်စီးတီးအသင်းနဲ့အတူ ပွဲထွက်ကစားခွင့်သိပ်မရသေးတာဖြစ်ပါတယ်။

ဂျက်ခ်ဂရီးလက်ချ်အနေနဲ့ ပွဲထွက်ကစားခွင့်သိပ်မရတာကြောင့် သူ့အနေနဲ့လမ်းကြောင်းအသစ်စတင်ချင်နေပြီး ဥရောပတခြားကလပ်အသင်းတွေဆီသွားရောက်ကစားဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အင်တာမီလန်နဲ့ ဘိုရပ်ရှားဒေါ့မွန်အသင်းတို့လိုနာမည်ကြီးအသင်းဆီပြောင်းရွှေ့ကစားတာဟာ ပရိသတ်တွေရဲ့အချစ်တော်ပြန်ဖြစ်လာလောက်ပြီး အဂ်လန်လက်ရွေးစင်အသင်းမှာနောက်တကြိမ်ပြန်ပါလာဖွယ်ရှိနေပါတယ်။

ဒီရာသီကာလမှာတော့ ဂျက်ခ်ဂရီးလက်ချ်အနေနဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၀ ပါဝင်ကစားထားရာမှာ ၁၁ ပွဲအထိပွဲထွက်ကစားသမားအဖြစ်ကစားခဲ့ရပြီး ၁ ဂိုးသွင်းယူထားနိုင်ခဲ့ကာ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
 
#ဘောလုံးပွဲသတင်းစုံ

image