ချစ်ခြင်းမေတ္တာလို့ ရေရွတ်တဲ့အခါ
မင်းကိုအေးချမ်းစေချင်တယ် ။
" လွန်ခဲ့တဲ့ " ဆိုပြီးအတိတ်ကို ပြန်တွေးတဲ့
အခါ မင်းကို နောင်တ ကင်းစေချင်တယ် ။
ဒုက္ခတွေနဲ့ တိုက်မိတဲ့အခါတိုင်း
မင်းကိုပျော်ရွှင်စေခဲ့တဲ့
ကိုယ့်ကို အရင်ဆုံးသတိရနေစေချင်တယ် ။
ငါ့ဦးနှောက်ထဲက ဘယ်သူ ။
ငါ့နှလုံးသားထဲက ဘယ်သူရယ် လို့
မင်းကိုယ်မင်း စမ်းစစ်တဲ့အခါ
မင်းနှလုံးသားထဲက တစ်ထောင့်တစ်နေရာမှာ
ကိုယ့်ကို ရှိနေစေချင်တယ် ။
မေတ္တာဆိုတာ တကယ်
အသွားအပြန်ရှိတယ်ဆိုရင် အချစ်ကလေးရေ
သံသရာတစ်ပတ် ထပ်လည်တဲ့အခါ
မင်း ကိုယ့်ဆီကို ပြန်ရောက်လာဦးမှာပါ ။
#စာရယ်ကဗျာရယ်