ရုပ်ရှင်လောကသားတွေအတွက် ၁၆ ကြိမ်မြောက် ဆန်၊ ဆီ စားသောက်ကုန်တွေ လှူဒါန်း
ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်၍ ရုပ်ရှင်လောကသားတွေအတွက် ၁၆ ကြိမ်မြောက် ဆန်၊ ဆီ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းမှုကို ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော်တို့ အခုကတော့ ၁၆ ကြိမ်မြောက် ကိုယ့်လောကသားတွေအတွက် ဆန်၊ ဆီဝေငှခဲ့တာပါ။ ပီတိလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စလုပ်တုန်းက တော်တော်စည်းရုံးခဲ့ရတယ်။ ခုတော့အစည်းအရုံးပေါ်မှာ အလှူရှင်တွေရော အနုပညာရှင် စေတနာရှင်တွေအများကြီးပေါ်လာပြီ။ ပါဝင်လှူကြလို့လည်း ရေရှည်ပါဝင်လှူဒါန်းနိုင်တာပါ။ ကိုယ့်လောကသားတွေ ရုပ်ရှင်လောကသားတွေအနေနဲ့ စားဝတ်နေရေး တော်တော်လေး အဆင်မပြေဖြစ်လာတဲ့အတွက် အခုလိုမျိုး ဆန်၊ ဆီဝေငှတာကို ခပ်စိပ်စိပ်လုပ်လာနိုင်လို့ သူတို့တွေကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
ယနေ့ ဇန်နဝါရီ ၂၂ ရက်မှာ အုပ်ချုပ်/ဖြန့်ချိအလွှာနဲ့ ဗီဒီယို၊ အဓိကသရုပ်ဆောင်၊ ဒါရိုက်တာတို့အလွှာတွေ ကို ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ကြက်သွန်နီတွေကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Credit - MT Entertainment
#သတင်းဟင်းလေးအိုးကြီး


