မီး အရမ်းပျက်ရင် နာရီ ၂၀ သုံးနိုင်တဲ့ Solar အဲကွန်း သုံးပါ။
=================================
မီး အရမ်းပျက်တဲ့ မြန်မာနိုင်ငံနဲ့ ကွက်တိကျတဲ့ Solar အဲကွန်း ထွက်ပေါ်လာပါပြီ။ Mark 3 Portable လို့ အမည်ပေးထားပြီး ZERO BREEZE ကုမ္ပဏီက တီထွင်ထားတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ Consumer Electronics Show မှာ Solar အဲကွန်းကို ပြသလိုက်တာ ဖြစ်ပါတယ်။
မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး ဘက်ထရီ ၁ လုံးနဲ့ ဆိုရင် ၇ နာရီ ကနေ ၁၀ နာရီနဲ့ ဘက်ထရီ ၂ လုံးနဲ့ဆိုရင် နာရီ ၂၀ အထိ အသုံးပြုနိုင်ပါတယ်။ ၁,၃၉၉ ဒေါ်လာနဲ့ ၂,၃၉၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အရွယ်အစား သေးငယ်တဲ့အတွက် အပြင်သွားရင်လည်း ယူဆောင် အသုံးပြုနိုင်ပါတယ်။ Solar Panel တွေကနေ အားပြန်သွင်းရမှာ ဖြစ်ပါတယ်။
အဲကွန်းမှာ အအေးမြန်စေတဲ့ “Rocket” Mode နဲ့ ညအိပ်ချိန်မှာ အသံဆူညံမှု လျော့နည်းစေတဲ့ “Sleep” Mode တွေ ထည့်သွင်းထားပါတယ်။ ကုမ္ပဏီက အဲကွန်းနဲ့ တွဲဖက် သုံးနိုင်တဲ့ Solar Panel တွေကိုလည်း ရောင်းချပေးထားပါတယ်။
