16 w - Translate

သုတေသန (Research) သမားတွေ အတွက်အကောင်းဆုံး Free AI Tools သုံးခု 📄📝
ဒီတစ်ခေါက်မှာတော့ သုတေသန (Research) ကျောင်းသားတွေအတွက် အသုံးဝင်ပြီး အခမဲ့ Free သုံးလို့ရမယ့် အကောင်းဆုံး AI Tools သုံးခုနဲ့မိတ်ဆက်ပေးပါမယ်။
1. Elicit
ဒီ Tool မှာ Free Version အနေနဲ့သုံးလို့ရမှာဖြစ်ပြီးတော့ သုတေသနစာတမ်းပေါင်း ၁၂၅ မီလီယံ ကနေကောက်နုတ်လို့ရမှာဖြစ်ပြီး၊ တစ်ကြိမ်ထဲနဲ့ စာတမ်း ၄ စုံကို အတိုချုပ်ကြည့်ရှုတာ၊ စာတမ်းထဲမှာပါတဲ့အကြောင်းအရာတွေကိုမေးတာ တွေလုပ်လို့ရမှာဖြစ်ပါတယ်။ တစ်လက်ို PDF file ၁၀ ခု Upload လုပ်ပြီး အဲ့ကနေ ကောက်နုတ်နိုင်မှာဖြစ်ပါတယ်။
2. Research Rabbit
ဒီ Tool မှာတော့ စာတမ်းတွေကိုစုစည်းတာနဲ့ ကိုယ့်ရဲ့ စိတ်ဝင်စားမှု Interest အပေါ်မူတည်ပြီး စာတမ်းအသစ်တွေကိုပါရှာဖွေနိုင်မှာဖြစ်ပါတယ်။ စာတမ်း‌တွေအများစု ကိုစီမံရတဲ့လူတွေနဲ့ ကိုယ့်နယ်ပယ်ရဲ့စာတမ်းအသစ်တွေကိုဖတါချင်သယတွေအတွက် လွယ်လွယ်ကူကူအသုံးပြုနိုင်မယ့် Tool တစ်ခုဖြစ်ပါတယ်။
3. Connected Papers
ဒီ Tool ကတော့ တခြား Tool တွေထက်ထူးခြားပြီးတော့ စာတမ်းတစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်ပုံကို Visual Map (Graph) အနေနဲ့ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Visual Map ထဲကနေ စာတမ်းတွေကိုအလွယ်တစ်ကူဖတ်ရှုနိုင်မှာပါ။
Free အနေနဲ့ တစ်လကို Graph 5 ခုထုတ်နိုင်မှာဖြစ်ပါတယ်။

image