သက်ပြည့်ပင်စင်ယူမည့် ကျောင်းဆရာမကြီးကို တပည့်ဟောင်းများနှင့် ဒေသခံများက ကျပ်သိန်း ၁၆၀ ကျော်ဖြင့် ကန်တော့

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်ဒူးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ သက်ပြည့်ပင်စင်ယူမည့် ဆရာမဒေါ်မြတ်မွန်ကို ကျောင်းသားဟောင်းများနှင့် ဒေသခံများက ကျပ်သိန်း ၁၆၀ ကျော်ဖြင့် ကန်တော့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က ဆရာမဒေါ်မြတ်မွန် သက်ပြည့်ပင်စင်ယူမည့်အခမ်းအနားကို ကျောင်းတွင် ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ကျောင်းသားကျောင်းသူဟောင်းများက ဆရာမဒေါ်မြတ်မွန်အတွက် ပူဇော်ကန်တော့ငွေ ကျပ် ၁၀၉ သိန်းကျော်နှင့် ကိုယ်တိုင်ကိုယ်ကျ ဆရာမ၏ ကန်တော့ပွဲတွင် လာရောက်ကန်တော့ကြသည့်ငွေမှာ ကျပ် ၅၁ သိန်းဖြစ်ကြောင်း၊ လက်ဆောင်ပစ္စည်းများလည်း ရရှိခဲ့ကြောင်း သိရသည်။

ဆရာမဒေါ်မြတ်မွန်သည် ၁၉၈၉ ခုနှစ်မှစ၍ ခရိုက်ဒူးကျောင်းသို့ ရောက်ရှိကာ ပညာသင်ကြားပေးခဲ့ပြီး ယခု၂၀၂၅ ခုနှစ် ဇွန်လတွင် သက်ပြည့်ပင်စင်ယူရမည်ဖြစ်ကာ ကျောင်းတွင် ၃၆ နှစ်ကြာ တာဝန်ထမ်း​ဆောင်ခဲ့သူလည်းဖြစ်သည်။

ဆရာမကြီးသည် တပည့်များနှင့် တပည့်ဟောင်းများ၊ ကျေးရွာဒေသခံများက ချစ်ခင်​၊​ လေးစားရိုသေကြသူလည်းဖြစ်၍ ယခုကဲ့သို့ ကျပ်သိန်း ၁၆၀ ကျော်နှင့် လက်ဆောင်ပစ္စည်းအများအပြား ကန်တော့ခံရခြင်းဟုလည်း သိရသည်။ (ဓာတ်ပုံ – ကျော်သက် (ဆယ်ပလာ)

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7