မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာချိန် ရန်ကုန်မြို့က တရုတ်တန်း မြင်ကွင်းပုံရိပ်များ
ဇန်နဝါရီ ၂၁
မြွေနှစ်တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာတာနဲ့အမျှ ရန်ကုန်မြို့၊လသာမြို့နယ်အတွင်းမှာ တည်ရှိတဲ့ နာမည်ကျော်တရုတ်တန်း မြင်ကွင်းတွေကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ အခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။
လသာမြို့နယ်အတွင်းမှာ တည်ရှိတဲ့ တရုတ်တန်းမှာတော့ တရုတ်နှစ်ကူးရိုးရာပစ္စည်းရောင်းချနေတဲ့ဆိုင်တွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းပေးဖို့ တရုတ်မုန့်ချို ရောင်းချနေကြတဲ့ဆိုင်တွေမှာ ဝယ်ယူသူတွေ
အများအပြားနဲ့ စည်ကားနေတာကိုလည်း တွေ့မြင်ရပါတယ်။
ဒါအပြင် လသာမြို့နယ်အတွင်းက နှစ်ပေါင်းကြာရှည်ပြီဖြစ်တဲ့ နာမည်ကျော် တရုတ်ဘုံကျောင်းမှာလည်းလာရောက်ဝတ်ပြုဆုတောင်းကြသူတွေ အများအပြားရှိနေတာကို တွေ့ရပါတယ်။
တရုတ်ရိုးရာ ပြက္ခဒိန်အရ နဂါးနှစ်ကနေ
မြွေနှစ်ကို ကူးပြောင်းရောက်ရှိတဲ့ ယခုတရုတ်နှစ်သစ်ကူးနေ့ကို အစိုးရက အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။
ဒါအပြင် ယခုမြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့က လသာတရုတ်တန်းမှာ ဈေးရောင်းပွဲတော်တွေကိုလည်း ထည့်သွင်းပြုလုပ်မယ်လို့ သိရပြီးနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တရုတ်ရိုးရာ ခြင်္သေ့နဂါးအလှ အကပြိုင်ပွဲတွေကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး


