ဘရိုက်တန်အသင်းနည်းပြ ဖာဘီယန်ဟေလ်ဇေလာလ်က ပြီးခဲ့တဲ့ညတုန်းကအဂ်လန်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်အိုးထရက်ဖို့ဒ်ကွင်းမှာမန်ယူအသင်းနဲ့ ၃-၁ နဲ့အနိုင်ရခဲ့ပြီးနောက်အသင်းသားတွေကိုထုတ်ဖော်ချီးကျူးပြောဆိုလိုက်ပါတယ်။
ဖာဘီယန် ဟေလ်ဇေလာလ်ကတော့ ဘရိုက်တန်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက်မှာတော့ စကိုင်းစပေါ့သတင်းအင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ငါတို့ကစားပုံအရမ်းကောင်းမွန်ခဲ့ပြီး ကောင်းကောင်းကစားနိုင်တဲ့ပုံစံကိုထိန်းထားနိုင်ခဲ့ပါတယ်။ငါတို့ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး ပွဲချိန်ဒုတိယပိုင်းမှာတော့အခွင့်အရေးကောင်းတွေဖန်တီးထားနိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။
ငါတို့အရမ်းဂုဏ်ယူပြီးဒီရာသီကာလမှာ မန်ယူအသင်းကို ၂ ကျော့စလုံးအနိုင်ရယူနိုင်ခဲ့တဲ့အတွက်အရမ်းပျော်ရွှင်ပါတယ်။ဒါပေမဲ့ ဒီပွဲစဉ်မှာတော့ ငါတို့အနေနဲ့ ရမှတ် ၃ မှတ်သာရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ဆက်ကြိုးစားသွားရပါမယ်။
အိုးထရက်ဖို့ဒ်ကွင်းမှာ သမိုင်းကြောင်းကြီးကျယ်ခမ်းနားတဲ့အသင်းကိုအနိုင်ရယူနိုင်ခဲ့တာဟာ ထူးခြားတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ ပျော်ရွှင်ပေမဲ့ငါတို့တရက်ပြီးတရက်အလုပ်ကြိုးစားသွားရပါမယ်လို့ ဘရိုက်တန်အသင်းက မန်ယူအသင်းကိုအိမ်ကွင်းရောအဝေးကွင်းမှာပါအနိုင်ရယူခဲ့တာနဲ့ပတ်သက်ပြီး နည်းပြ ဖာဘီယန် ဟေလ်ဇေလာလ်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
