ဘာမှ မဖြတ်သန်းဖူးတဲ့ လူဆီမှာ ဘာမှတ်သားစရာမှ မရှိပါဘူး
.
အမေ မွေးတယ် ထမင်းစားတယ် အိမ်ထောင်ကျတယ် အဖေ့ အလုပ်ဆက်လုပ်တယ် အိုသွားတယ် ... ဒါက ဘဝမှ မဟုတ်တာ ... ပြည့်ပြည့်စုံစုံ နဲ့ မိတ်ဆွေ ဘဝကို မုဒိတာ ပွားပေမယ့် ... အခန့်သင့် ရလို့လည်း အားမကျပါနဲ့ဗျာ ... မရလို့လည်း အားမငယ်ပါနဲ့ . . .
.
လောကဓံကို ဖြတ်သန်းရင်း ဆုံးရှုံးမှု၊ ရင်းနှီးပေးဆပ်မှု၊ ရိုင်းပင်းကူညီမှု၊ သစ္စာရှိမှု၊ လူသားစံနှုန်း၊ လူသား တစ်ယောက်ရဲ့ တန်ဖိုး ဒါတွေကသာ သင့်နံမည်ကို နှစ်ပေါင်း ရာထောင်ချီ တည့်တံ ကျန်ခဲ့စေနိုင်ပါတယ် ...
.
ထမင်းစားပြီး ကမ္ဘာမြေပေါ် အလေးစွန့်သွားရုံ လူတစ်ယောက်ကို
ကမ္ဘာပေါ်က ဘယ်သူမှ စာရွက် အကုန်ခံပြီး မှတ်တမ်းမတင်ဘူးဆိုတာတော့ ယုံကြည်ကြပါဗျာ ...
.
ဘာစွန့်စားမှု ဘာပေးဆပ်မှုမှ မရှိရင် ဘာသမိုင်းမှ မရှိပါဘူး၊
.
ကြိုးစားနေရတယ်ဆိုပြီး အားမငယ်ပါနဲ့ မသိမ်ငယ်ပါနဲ့ ...
လောကဓံ လှိုင်းရိုက်ပြီး စာမေးပွဲ စစ်တဲ့အခါ ဘယ်သူကသန်မာတယ် ဆိုတာ အဖြေထွက်လာပါလိမ့်မယ် ...
.
ဂျိမ်း ( 20.1.2025 )
Ko James
#crd
