ဘွဲ့ကြိုတန်း (Bachelor) အတွက် Child's Dream ကပေးအပ်တဲ့ ပညာသင်ဆုအပြည့်ပါ။ ကျောင်းကတော့ ထိုင်းနိုင်ငံမှာ တက်ရမှာပါ။ သူတို့ ရွေးချယ်ထားတဲ့ ကျောင်းတွေမှာပဲ တက်လို့ရပါတယ်။ ပညာသင်ဆုပေးအပ်တဲ့အဖွဲ့အစည်းက IELTS မလိုအပ်ပါဘူး၊ သို့သော် မိမိလျှောက်ချင်တဲ့ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရတဲ့သူပဲ ပညာသင်ဆုရရှိမှာဖြစ်ပါတယ်။ တစ်ချို့တက္ကသိုလ်တွေက IELTS မလိုအပ်ပါ တစ်ချို့ကတော့ လိုအပ်ပါတယ်။ ဒါကြောင့်ကိုယ့် English skills ပေါ်မူတည်ပြီး ကျောင်းကို လျှောက်ရမှာပါ။
ပညာင်ဆုရရှိပါက
-Tuition and other fees (e.g. university fees, visa fees, graduation, health insurance etc.)
- Supplies (e.g. uniforms, books, stationary)
- Living cost (e.g. rent, food, computer grant)
- Other / Emergency (case by case basis)
ဘယ်သူတွေလျှောက်လို့ရလဲ
လိုအပ်တဲ့အရည်အချင်းသတ်မှတ်ချက်များ
▪ ၁၀ တန်းအောင်သာမက ၁၂ တန်းအောင်ဖြစ်ရမည် (၁၂ တန်းမပြီးသေးတဲ့သူတွေအတွက် ဆယ်တန်းအောင်ပြီးရင် အခြား diploma သို့မဟုတ် certificate course တွေကို တက်ရောက်ပြီးသူဖြစ်ရမည်- ဥပမာ သူနာပြုသင်တန်း, ကျောင်းဆရာ/မသင်တန်/ နိုင်ငံရေးသင်တန်း စသဖြင့်ပေါ့)
▪ မိမိတက်မဲ့ ဘာသာရပ်နဲ့ကျောင်းပေါ်မူတည်ပြီး ထိုင်းစာ သို့ English ကျွမ်းကျင်ရမည်။
ဘာတွေလိုအပ်လဲ
• ခြောက်လအတွင်းရိုက်ထားတဲ့ Passport photo
• နိုင်ငံသားကဒ်ပြား
• နိုင်ငံကူးလက်မှတ်
• အိမ်ထောင်စုစာရင်း
• ဆယ်တန်းအောင်လက်မှတ် (အမှတ်စာရင်း)
• IELTS, TOEFL ရှိပါက လက်မှတ် Previous academic transcripts
• အခြားတက်ရောက်ဖူးတဲ့ သင်တန်း certificates
• ထောက်ခံစာ နှစ် စောင် (တစ်ခုက အထက်တန်းကျောင်းတုန်းက ဆရာတွေရဲံ ထောက်ခံစာ နောက်တစ်ခုက အလုပ်အကိုင်အတွေ့အကြုံရှိပါက အလုပ်ရှင်ထံ သို့ သင်တန်းတက်ဖူးပါ သင်တန်းက ဆရာ/မ တွေရဲ့ထောက်ခံစာ
• အက်ဆေး နှစ် ပုဒ် (တစ်ပုဒ်မှာ Character 3,000 ပဲ)
အက်ဆေး ပထမရေးမဲ့အကြောင်းအရာ
-လက်ရှိ မိမိနေထိိုင်တဲ့နေအိမ်ဓာတ်ပုံမှတ်တမ်း
.
100% Scholarship ဖြစ်တာကြောင့် ကန့်သတ်ချက် တစ်ချို့တော့ရှိပါတယ်။ ကျောင်းနဲ့မေဂျာ ရွေးချယ်ခဲ့တဲ့နေရာမှာ Child's Dream က သတ်မှတ်ထားတဲ့ တက္ကသိုလ်နဲ့ မေဂျာတွေ လျှောက်တဲ့သူတွေအတွက်သာ အကျုံးဝင်မှာပါ။
တက်ရောက်နိုင်တဲ့ တက္ကသိုလ် နဲ့ ဘာသာရပ်များ
Elementary Education - Asia-Pacific International University
Media and Communication - Bangkok University
Innovative Media Production - Bangkok University
Economics - Chiang Mai University
Environmental Science - Chiang Mai University
Social Science - Chiang Mai University
Software Engineering - King Mongkut's Institute of Technology Ladkrabang
Public Health - Mae Fah Luang University
Environmental Health - Mae Fah Luang University
International Relations and Development - Rangsit University
Civil Engineering - Thammasat University
Global Studies and Social Entrepreneurship - Thammasat University
Mechanical Engineering - Thammasat University
Social Policy and Development - Thammasat University
နောက်ဆုံးလျှောက်လွှာတင်မဲ့ရက် 28 February 2025
လျှောက်လွှာဖြည့်မဲ့ Form လင့်
https://docs.google.com/.../1F....AIpQLSePFCA.../formR
#crd
#education
